
နေပြည်တော် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဖောက် ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့် ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာန ချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် ဖောက် ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်