လူကုန်ကူးမှုဖြင့် တရားခံနှစ်ဦးအား ထောင်ဒဏ် ၁၀နှစ်စီချမှတ်


 

နေပြည်တော် အောက်တိုဘာ ၂၆


လုပ်အားခ  ခေါင်းပုံဖြတ်ရယူခဲ့သူများကို   လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေဖြင့်    အလုပ်နှင့်  ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ ကြောင်းလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရန်ကုန်     တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်     ဦးမြ ရပ်ကွက် အမှတ် (၃၁)  ပိတောက်ရွှေဝါလမ်းနေ ဒေါ်စန်းစန်းဦးနှင့်   မြိတ်မြို့နယ်   ဇေယျာသီရိ(၁) ရပ်ကွက်  အမှတ်  ၁၃  ရန်ကြီးအောင်လမ်းနေ    ဦးဆန်းလွင်တို့က   ကြည့်မြင်တိုင်မြို့နယ် ငဇင်ကျေးရွာနေ မ xxx ၊ (၂၁နှစ်)နှင့်  လိပ်စာတူ မ xxx ၊ (၂၉နှစ်)တို့ကို   မြိတ်မြို့ရှိ စက်ရုံများ တွင်   အလုပ်ရမည်ဟု    စည်းရုံးပြောဆို၍    ပြည့်တန်ဆာအဖြစ်     အဓမ္မပြုလုပ်စေပြီး  လုပ်အားခ  ခေါင်းပုံဖြတ် ရယူခဲ့သဖြင့်    ကြည့်မြင် တိုင်မြို့နယ် စက်ဆန်းနယ်မြေ ရဲစခန်းက  (ပ) ၂၈၉/ ၂၀၂၀၊  လူကုန် ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ / ၃၂ ဖြင့်   အမှုရေးဖွင့်ခဲ့ပြီး   အနောက်ပိုင်း  ခရိုင်တရားရုံးသို့   တရားစွဲတင်ပို့ခဲ့ရာ ယမန်နေ့က တရားခံ   ဒေါ်စန်းစန်းဦးနှင့်    ဦးဆန်းလွင်တို့ကို    လူကုန်ကူးမှု တားဆီး  ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ / ၃၂ အရ  အလုပ်နှင့်      ထောင်ဒဏ်  ၁၀  နှစ်စီချမှတ်ခဲ့ကြောင်း  သိရသည်။  
 သတင်းစဉ်