ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ  ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


 

နေပြည်တော်   အောက်တိုဘာ   ၂၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဆိုင်ရာပစ္စည်းများကို     လေကြောင်း၊   ရေကြောင်းနှင့်    နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့်   မြဝတီကုန်သွယ်ရေးစခန်း နှစ်ခု တို့မှ တင်သွင်းရာ၌  ကုမ္ပဏီလေးခုမှ  ယာဉ်စီးရေ  ခြောက်စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser တစ်စီး တန် ၂၀၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ငါးခု၊ လက်အိတ် ၁၉ တန်နှင့် နှာခေါင်းစည်း (Mask) ၂၈ တန်တို့ကို တင်သွင်းခဲ့ပြီး  Oxygen Bowser ယာဉ်တစ်စီးမှာ    မြဝတီကုန်သွယ် ရေးဇုန်မှ   ရန်ကုန်မြို့သို့ဖြစ်ကြောင်း  သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ   ပစ္စည်းများကို   သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP များနှင့်အညီ   ဦးစားပေး  တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့်     ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ် သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။  
သတင်းစဉ်