ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   အောက်တိုဘာ    ၂၂


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့်   မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ   အောက်တိုဘာ  ၂၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့    ပြန်လည် ဝင်ရောက်လာသူ   အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး    စုစုပေါင်း ၁၇ ဦးနှင့် လောက်ကိုင်မြို့သို့   ပြန်လည်ဝင်ရောက်လာသူ အမျိုးသား တစ်ဦး၊  အမျိုးသမီး နှစ်ဦး  စုစုပေါင်း   သုံးဦးတို့ကို   လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့   ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၉၁ ဦး၊ အမျိုးသမီး ၁၉၆ ဦး စုစုပေါင်း ၄၈၇   ဦးတို့ကို   လည်းကောင်း  လက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင်  သက်ဆိုင်ရာ  ပြည်သူ့ဆေးရုံများမှ ကျန်းမာ ရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်  အထောက် အထားစာရွက်စာတမ်းများ  ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန ၏ ညွှန် ကြားချက်များကို     ရှင်းလင်းပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။                                        

သတင်းစဉ်