စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြားနိုင်

နေပြည်တော်   အောက်တိုဘာ   ၂၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ   ရည်ညွှန်းငွေလဲနှုန်းဖြင့်  တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ယနေ့မှစတင်၍  တိုင်းဒေသကြီး/ ပြည်နယ်များရှိ  စက်သုံးဆီအရောင်းဆိုင် ၅၀ တွင် 92Ron ၁၉၆၇၀၆၅၂ လီတာ၊ ဒီဇယ် ၁၂၂၀၅၉၀၆ လီတာနှင့်  Premium   ဒီဇယ်  ၁၈၃၄၇၁၀၁  လီတာတို့ ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်သည်။

 


တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် လိပ်စာများအား ကြေညာခဲ့ပြီးဖြစ်သည်။
ပြည်သူများအနေဖြင့်  စက်သုံးဆီများကို  တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါဈေးနှုန်းများအတိုင်း   ဝယ်ယူရရှိခြင်းမရှိပါက   ကုန်သွယ်မှုနှင့်  ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဖုန်း-၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂ ၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၁-၂၅၀၂၇၀၊   မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း-၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။         
                        

သတင်းစဉ်