စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိမှု ၇ ဒသမ ဝ၃ ရာခိုင်နှုန်းသာရှိ

 

မုံရွာ   အောက်တိုဘာ    ၂၂


စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၄/၂ဝ၂၁)ကို အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်က အမှာစကား ပြောကြားရာတွင်   စစ်ကိုင်း တိုင်းဒေသကြီးအနေဖြင့်    ကိုဗစ်-၁၉  ရောဂါ စစ်ဆေးတွေ့ရှိမှုမှာ  ၇  ဒသမ  ဝ၃  ရာခိုင်နှုန်းနှင့် ဆေးရုံတက် သေဆုံးမှုမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊   တိုင်းဒေသကြီးအတွင်း   မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီများမှ   တာဝန်ရှိသူများက  ရောဂါ စစ်ဆေးတွေ့ရှိမှုကို အောက်တိုဘာလအကုန်တွင် ၃ ရာခိုင်နှုန်းအထိ လျော့ကျအောင် အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ Stay at Home သုံးမြို့နယ်ကျန်ရှိပြီး  ၎င်းမြို့များအား  လျှော့ချနိုင် ရေးအတွက် ပိုးစစ်ဆေးမှုကို သတ်မှတ်နေရာများတွင် များများစစ်ဆေးဆောင်ရွက်ကြရန်   လိုအပ်ကြောင်း၊   တိုင်းဒေသကြီးအတွင်း    အောက်ဆီဂျင်လိုအပ်မှု အနေဖြင့်  ထုတ်လုပ်နိုင်မှု၏   ၃၅  ရာခိုင်နှုန်းသာ  လိုအပ်မှုရှိသည့်အတွက် အောက်ဆီဂျင်နှင့်ပတ်သက် ၍ လုံလောက်အောင်  ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊   တာဝန်ရှိသူများအနေဖြင့်      ကိုယ်တိုင်ကူးစက်မှု မခံရစေရေး ဂရုစိုက်ကြရန်နှင့် လုပ်ဆောင်မှုအားလုံး ကို လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန်   လိုအပ်ပါကြောင်း  ပြောကြားသည်။ 

 


ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က  မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ၊   လုံခြုံရေး လုပ်ငန်းများနှင့်  ပတ်သက်၍   တာဝန်ရှိသူများနှင့် ပေါင်းစပ်၍     ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း  ပြောကြားကာ  အစည်းအဝေးသို့ တက် ရောက်လာကြသော   တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက်ကုသမှုနှင့် ဆေးရုံဆင်းမှုအခြေ အနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု အခြေ အနေများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုအခြေ အနေများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး သက်ဆိုင်ရာ ကျောင်းများအခြေပြု၍   ဆေးထိုးနှံရေး  ပြင်ဆင် ဆောင်ရွက်နေမှု လုပ်ငန်းများ၊ နေ့စဉ်ကာကွယ်ဆေး ထိုးနှံမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။

 


ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်   လိုအပ်သည်များကို  တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းသည်။

 


မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးရှိ   သလလာရတနာခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာပြည်သူ့ဆေးရုံကြီးရှိ    ဆရာဝန်/သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများနှင့်   ဆေးရုံတက်လူနာ များအား စားသောက်ဖွယ်ရာပစ္စည်းများ  ပေးအပ်ပွဲ အခမ်းအနားသို့   တက်ရောက်ရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ တာဝန် ရှိသူများနှင့်အတူ      ဒုတိယဆေးရုံအုပ်ကြီးနှင့်   တာဝန်ရှိသူများထံ  စားသောက်ဖွယ်ရာများ ပေးအပ် ကြပြီး မုံရွာပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ကြီး   ဒေါက်တာမာမာအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာများအား စားသောက် ဖွယ်ရာများ လိုက်လံပေးအပ်ကြပြီး အားပေးစကား ပြောကြားကာ ကုသရေး၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်    ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                   


 တိုင်းဒေသကြီး(ပြန်/ဆက်)