
ရန်ကုန် အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ရန်ကုန် မြို့တော်အတွင်း လူသွားစင်္ကြံ၊ လမ်းများ တိုးချဲ့ခင်းကျင်းနေမှုနှင့် မြို့ပြသန့်ရှင်းသာယာရေး ဆောင် ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်းဆောင် ရွက်ပေးသည်။
မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ကမာရွတ်မြို့ နယ် ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့ လိုင်းခန်း သို့ ရောက်ရှိပြီး ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုး ရောင်းချပေး နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ် စက်ရုံ လမ်း သာကေတတံတားဟောင်း အဆင်းမှ ဒေါပုံကော်ဇောစက်ရုံ၊ ၎င်းမှ မင်းနန္ဒာလမ်း ရွှေပုဇွန် မုန့်တိုက်အထိ အရှည်ပေ ၃၀၀၀ လူသွားစင်္ကြံ စက်ဘီးစီးလမ်း ခင်းကျင်းနေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ယခုအခါ အဆိုပါ လူသွား စင်္ကြံနှင့် စက်ဘီးစီးလမ်း ခင်းကျင်းနေမှု ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် သာကေတမြို့နယ် သန်လျင်တံတား ချဉ်းကပ်လမ်းမ ကြီးအား သာလ္လာဝတီလမ်းမှ သာကေတအဝိုင်းထိ ပေ ၁၁၅၀ ၊ ခြောက်လမ်းသွားရရှိအောင် လမ်း သားတိုးချဲ့ ကွန်ကရစ်ခင်းကျင်း နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် စံချိန်စံညွှန်းမီ ဆောင်ရွက်ရေး မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လသာမြို့နယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီး၊ လမ်းမ တော်လမ်းမှ ရွှေတိဂုံဘုရားလမ်း ထိ ရေမြောင်းများ ဆယ်ယူ ရှင်းလင်းနေမှု၊ ရေမြောင်း နှာပေါက်များအတွင်းမှ သဲ၊ ခဲ များ ရှင်းလင်းဆောင်ရွက်နေမှု၊ လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်း သည့် အပင်အကိုင်းအခက်များနှင့် လမ်းပေါ်တွဲလောင်းကျနေသည့် အကိုင်းခက်များ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်