
နေပြည်တော် အောက်တိုဘာ ၂၂
လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင် (၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် Puppet festival of Lancang– Mekong စီမံကိန်းကို ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက် အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၌ လက်ခံကျင်းပသွားရန် ကိစ္စနှင့်ပတ်သက် သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လန်ချန်း-မဲခေါင်ဒေသတွင်း (၆)နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့အစည်း များနှင့် အနုပညာရှင်လူငယ်များကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည့် လန်ချန်း-မဲခေါင် ရုပ်သေး ပွဲတော် (Puppet Festival of Lancang-Mekong) ကို ယခင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား မှု ကာကွယ်ထိန်းချုပ်ရေး အခြေအနေများအရ ကျင်းပမည့်အချိန်ကို ရွှေ့ဆိုင်းလာခဲ့ရာ ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက်အထိ မန္တလေးမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) က လက်ခံကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စီမံကိန်းအတွက် ကုန်ကျငွေကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အထူးရန်ပုံငွေ ၂၀၂၀ မှ ကျခံပေးခြင်းဖြစ်ပါ ကြောင်း။
ယခုကျင်းပမည့်ပွဲတော်သည် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အနုပညာရှင်လူငယ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့် လန်ချန်း-မဲခေါင်ယဉ်ကျေးမှု ဖလှယ်ရေးပလက်ဖောင်း ထူထောင်ရန်အတွက် လန်ချန်း-မဲခေါင် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများမှ ရိုးရာယဉ်ကျေးမှုရုပ်သေးပညာရပ်များ မပျောက်ပျက် စေရေး ဆောင်ရွက်ရန်၊ ရိုးရာယဉ်ကျေးမှုရုပ်သေး ပညာရပ်များကို ဖော်ထုတ်မြှင့်တင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ ရုပ်သေးပညာရှင်လူငယ်များအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုတိုးတက် ရရှိစေရန် စသောရည်ရွယ်ချက်များဖြင့် ဒုတိယ အကြိမ်ကျင်းပမည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း။
ယခုကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်မှုများ၊ အသွားအလာကန့်သတ်မှုတားမြစ် ချက်များ ရှိနေသေးပါကြောင်း၊ ပွဲတော်ကျင်းပမည့် ကာလတွင် ယခုကဲ့သို့ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်မှု ရှိနေဦးမည်ဆိုပါက လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ အနုပညာရှင်လူငယ်များ၊ ဧည့်သည်များ မြန်မာနိုင်ငံသို့ အဆင်ပြေစွာလာရောက် နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သွားလာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ဝင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ရောက်ရှိချိန်၌လည်း လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက အကြံပြု ဆွေးနွေးပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင် (၆)နိုင်ငံမှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် Puppet festival of Lancang– Mekong စီမံကိန်းကို လက်ခံကျင်းပသွားရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်များကို အသေး စိတ် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူ များက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အထွေထွေဆွေးနွေး ညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံ၌ အောင်မြင် စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းထားရှိပြီးဖြစ်၍ ကော်မတီအသီးသီးတွင်ပါရှိသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကျရာအခန်း ကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါ ကြောင်း၊ လုံခြုံရေးကို အထူးဂရုစိုက်ဆောင်ရွက်ရန် လိုပါကြောင်း၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများနှင့် ယဉ်ကျေးမှုအနုပညာ ပူးပေါင်းဖလှယ်ရေးဆောင်ရွက် ရာတွင်လည်း အကျိုးရှိစွာ လုံ့လထုတ်၍ ကြိုးစား ဆောင်ရွက်ရန်လိုပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနများအနေဖြင့် လည်း လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်