အာဆီယံ+ ၃ နိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံဒေသတွင်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၅ အာဆီယံ မျှော်မှန်းချက်ရရှိစေရန် အထောက်အကူပြု

 

နေပြည်တော် အောက်တိုဘာ ၂၂ 


(၁၆)   ကြိမ်မြောက်   အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ     ဝန်ကြီး များအဆင့်   အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ်  သည့် အာဆီယံနယ်စပ်ဖြတ်ကျော်  မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ် ရေးဆိုင်ရာ  အစည်းအဝေးနှင့် အာဆီယံ+၃   ဝန်ကြီးအဆင့် အစည်းအဝေးများ (16th Meeting of  the  Conference of the Parties to the ASEAN Agree-ment on Transboundary Haze Pollution   (COP-16),    17th ASEAN Plus Three Environment Ministers Meeting - EMM) ကို ယနေ့   နံနက်  ၈   နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်      ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


အမှာစကားပြောကြား


ရှေးဦးစွာ အာဆီယံနယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု  ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အင်ဒိုနီးရှားနိုင်ငံ  နှင့်    အလှည့်ကျသဘာပတိဖြစ် သော ဖိလစ်ပိုင်နိုင်ငံတို့က အဖွင့် အမှာစကား   ဆွေးနွေးပြောကြား သည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ယင်းနောက် ဖိလစ်ပိုင်နိုင်ငံက  အာဆီယံဒေသတွင်း ရာသီဥတုနှင့် မီးခိုးမြူငွေ့ဆိုင်ရာ    သုံးသပ်မှု၊ နိုင်ငံအလိုက်    ဆောင်ရွက်လျက် ရှိသော    မီးဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့ဆိုင်ရာ   အစီရင်ခံစာ များ၊ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့              ညစ်ညမ်းမှုဆိုင်ရာ အကောင်အထည် ဖော်မှုအခြေ အနေများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အကောင်အထည် ဖော်မှုဆိုင်ရာ အာဆီယံညှိနှိုင်းမှု  ဗဟိုဌာန     တည်ထောင်နိုင်ရေး၊ အာဆီယံနိုင်ငံများ၏ သစ်ဆွေး မြေ စီမံခန့်ခွဲမှုဆိုင်ရ  အစီရင်ခံစာ၊ အင်ဒိုနီးရှားနိုင်ငံမှ ဒေသအတွင်း နယ်စပ်ဖြတ်ကျော်   မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာ၊ မြန်မာနိုင်ငံက    မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်   မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာ တို့ကို ရှင်းလင်းတင်ပြ၍ အမြင်ချင်း ဖလှယ် ဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ ထိန်းချုပ် နိုင်ရေးအတွက်     သစ်တောမီး၊ စိုက်ပျိုးမြေ        မီးလောင်မှုများ လျော့ပါးစေရေး     နိုင်ငံအတွင်း ဆောင်ရွက်မှုများ၊   ဒေသတွင်း စွမ်းဆောင်ရည်       မြှင့်တင်ရေး အတွက်   တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို   ဆွေးနွေး သည်။   ထို့နောက်   အစီရင်ခံစာ များနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို အတည်ပြု ခြင်းများ ဆောင်ရွက်ကြသည်။ 

 


မွန်းလွဲပိုင်းတွင် (၁၇) ကြိမ် မြောက် အာဆီယံ+၃ နိုင်ငံများ  ပတ်ဝန်းကျင်ဝန်ကြီးအဆင့် အစည်း အဝေးကိုကျင်းပရာ  ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့က နှုတ်ခွန်း ဆက်စကား         ပြောကြားကြပြီး အာဆီယံ-တရုတ် ပတ်ဝန်းကျင် ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာ (၂၀၂၁-၂၀၂၅) အပေါ်  အကောင်အထည်ဖော်နိုင်မှု၊ အစိမ်း  ရောင်ဖွံ့ဖြိုးမှုနှင့် ရေရှည် စဉ်ဆက် မပြတ်    ဖွံ့ဖြိုးမှုဆိုင်ရာ    ပူးတွဲ ကြေညာချက်၊ အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်မှု၊   အာဆီယံ-ကိုရီး ယား        ပတ်ဝန်းကျင်ဆိုင်ရာ အကောင်အထည်ဖော်မှုနှင့် ပတ် ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု  ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် များကို အာဆီယံ+၃ နိုင်ငံများ ဖြစ်သည့်   တရုတ်၊     ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ    ဆွေးနွေး သည်။ 

 


ဆက်လက်၍    အာဆီယံ+၃ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်         နယ်ပယ်သစ်များ ဆက်လက် တိုးမြှင့်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်    နိုင်ငံများ၏ ဝန်ကြီးများက အမြင်ချင်းဖလှယ်  ဆွေးနွေးရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက အာဆီယံ+ ၃ နိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ  ပူးပေါင်း     ဆောင်ရွက်မှုသည် အာဆီယံဒေသတွင်း   ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် ၂၀၂၅ အာဆီယံ မျှော်မှန်း ချက်ရရှိစေရန် အထောက်အကူပြု ပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ဆွေးနွေး သည်။

 


အတည်ပြု


 အစည်းအဝေးမှ(၁၇)ကြိမ် မြောက် အာဆီယံ+၃ ပတ်ဝန်းကျင် ဆိုင်ရာ     ဝန်ကြီးအဆင့်အစည်း အဝေး၏ အကျဉ်းချုပ်အစီရင်ခံစာ ကို  အတည်ပြုပြီး   (၁၆) ကြိမ် မြောက် အာဆီယံ ပတ်ဝန်းကျင် ဆိုင်ရာ        ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်    ဆက်စပ် အစည်းအဝေး အလှည့်ကျ သဘာ ပတိက   နိဂုံးချုပ်  ပြောကြားခဲ့ ကြောင်း သိရသည်။ 


သတင်းစဉ်