အာဆီယံ + ၃ နိုင်ငံများ၏ ဂျီဒီပီတိုးတက်မှုမှာ ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၀ ရာခိုင်နှုန်း ရရှိရန်မျှော်မှန်းထား

နေပြည်တော်  အောက်တိုဘာ  ၂၁


အာဆီယံ+၃ ဘဏ္ဍာရေးနှင့်   ဗဟိုဘဏ်ဒုတိယ
အကြီးအကဲများအစည်းအဝေး  (AFCDM+3) ကို ယနေ့ နံနက် ၈ နာရီခွဲတွင်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 
အစည်းအဝေးသို့ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်     ဒုတိယအကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်       ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်သည်။ 


အမြင်ချင်းဖလှယ်ဆွေးနွေး


ဦးစွာ ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်း မေခရို စီးပွားရေးအလားအလာ  (Global and Regional Macroeconomic Outlook) နှင့်စပ်လျဉ်း၍ အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ “World and Asia Economic Developments” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  အာဆီယံ+၃  မေခရိုစီးပွားရေး သုတေသနရုံး (AMRO) မှ “Transitioning Smoothly from Pandemic to Endemic New Normal” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ “Transforming Agriculture in Asia” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍      အာဆီယံ+၃ ဘဏ္ဍာရေးနှင့်  ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 


ဆက်လက်၍ အာဆီယံ+၃  ငွေရေးကြေးရေး
ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့်  ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (Chaing- Mai Initiative Multilateralization-CMIM)အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ရည်ညွှန်း
အတိုးနှုန်းအသစ်သတ်မှတ်ခြင်း၊     ပြည်တွင်းသုံး
ငွေကြေးထည့်ဝင်မှု၊  စီးပွားရေးဆိုင်ရာ  ဘဏ္ဍာငွေ ဖြည့်ဆည်းမှုအစီအစဉ်နှင့်  နည်းပညာပံ့ပိုးမှုအစီအစဉ် တို့နှင့်  စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် 
အာဆီယံ+၃     မေခရိုစီးပွားရေးသုတေသနရုံး    (ASEAN+3 Macroeconomic Research Office - AMRO) ၏ ၂၀၂၂  ခုနှစ် အတွက်  လုပ်ငန်းအစီအစဉ်၊ ဘတ်ဂျက်နှင့်    ဝန်ထမ်းခန့်ထားရေးဆိုင်ရာကိစ္စရပ်များ၊ ကာလလတ် အကောင်အထည်ဖော်မှု အစီ အစဉ် (၂၀၂၂-၂၀၂၆)နှင့်  AMRO ၏ စီမံခန့်ခွဲမှုအဆင့် ရာထူးရွေးချယ်မှု အစီ အစဉ်၊ အာဆီယံ +၃ အနာဂတ် ဦးစားပေးအစီအစဉ်များ     (ASEAN+3 Future Initiatives) နှင့်   အာရှငွေချေး    စာချုပ်ဈေးကွက် အစီအစဉ်    (Asia Bond Markets Initiatives)  တို့နှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ကြသည်။


နီးကပ်စွာစောင့်ကြည့်ရန်လို


ထို့နောက် အစည်းအဝေး  တက်ရောက်လာကြ သည့်  ဒုတိယအကြီးအကဲများက CMIM Reference Rate အတွက်  LIBOR နေရာတွင်   အစားထိုး အသုံး ပြုရန်  US Treasury Repo Rate တွင်  အသုံးပြုသည့် Overnight Transaction Rate ဖြစ်သည့်  Secured Overnight Financing Rate (SOFR) ကိုအသုံးပြုရန် ဆွေးနွေးကြသည်။ ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးရာတွင် ကမ္ဘာတစ်ဝန်းငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်နေသော်လည်း ဂျပန်၊ တရုတ်နိုင်ငံများတွင် ထိန်းသိမ်းနိုင်သည်ကို တွေ့ရှိရပါကြောင်း၊   မူဝါဒဆိုင်ရာအကြံပြုချက် (Policy recommendation) အနေဖြင့် အဆင်သင့် ဖြစ်နေသည့်  နယ်ပယ်များကို  ဦးစားပေးအဖြစ် သတ်မှတ်ပြီးနောက်  ယင်းတို့အတွက်  ဥပဒေများ ပြဋ္ဌာန်းပေးသင့်ပါကြောင်းနှင့်      ကာလလတ် ဘဏ္ဍာရေးမူဘောင်   (Medium term Fiscal Framework) ရရှိရန် ငွေကြေးမူဝါဒ (Monetary Policy) အနေဖြင့်   ဆက်လက် ပံ့ပိုးပေးရန်ဖြစ်ပါကြောင်း၊ သို့ရာတွင်  ငွေကြေးဖောင်းပွမှုကို နီးကပ်စွာ စောင့်ကြည့်ရန်လိုပါကြောင်း၊ အာဆီယံ + ၃ နိုင်ငံ များ၏    ဂျီဒီပီတိုးတက်မှုမှာ    ၂၀၂၁ ခုနှစ်တွင်  ၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၀ ရာခိုင်နှုန်းရရှိရန်     မျှော်မှန်းထားပါကြောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

       
သတင်းစဉ်