တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် အောက်တိုဘာ ၂၁
မြန်မာတို့၏ ၁၂ လရာသီ ပွဲတော်  များအနက်     တစ်ခုအပါအဝင် ဖြစ်သည့်  သီတင်းကျွတ်ပွဲတော် အခါသမယတွင်     တာဝတိံသာ နတ်ပြည်တွင်      တစ်ဝါတွင်းလုံး အဘိဓမ္မာ  တရားဟောကြားပြီး လူ့ပြည်သို့ ပြန်လည်ဆင်းသက် လာသည့်      မြတ်စွာဘုရားအား ရည်မှန်း၍     ဆီမီးများထွန်းညှိ ပူဇော်ခြင်း၊ အဘိဓမ္မာအခါတော် သဘင်များဆင်နွှဲခြင်း၊   ဝါကျွတ် ပူဇော်   ကန်တော့ခြင်းများအပြင်  တိုင်းဒေသကြီးနှင့်     ပြည်နယ် အသီးသီးရှိ  ဘုရား၊ စေတီ၊ ပုထိုး များ၌လည်း    အများပြည်သူများ စိတ်အေးချမ်းသာစွာ   ဖူးမြော် ကြည်ညိုခြင်းများ   ပြုလုပ်လျက် ရှိကြသည်။
သီတင်းကျွတ်ပွဲတော်    အခါ သမယဖြစ်သည့်   သီတင်းကျွတ် လပြည့်နေ့နှင့်      ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး   ရွှေတိဂုံ  စေတီတော်မြတ်ကြီး အပါအဝင် တန်ခိုးကြီး   ဘုရားစေတီများ၌ လည်းကောင်း၊    မန္တလေးတိုင်း ဒေသကြီး မဟာမုနိရုပ်ရှင်တော်  မြတ်ကြီး၊   ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်တို့၌လည်း ကောင်း၊   ပြင်ဦးလွင်မြို့   မဟာ အံ့ထူးကံသာ    ဆုတောင်းပြည့် ဘုရားကြီး၊    ကျောက်ဆည်မြို့ရှိ မဟာရွှေသိမ်တော်ဘုရား၊    ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ  ဘုရားများနှင့်  မကွေး တိုင်းဒေသကြီး       မကွေးမြို့ရှိ မြသလွန်ဘုရားများ၌     လည်း ကောင်း၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)   ကျိုင်းတုံမြို့ရှိ    ခေမာရဌ ရပ်တော်မူဘုရားကြီး၊ မဟာမြတ် မုနိဘုရားကြီးနှင့် စေတီပုထိုးများ ၌ လည်းကောင်း၊  ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လောကနန္ဒာစေတီ တော်မြတ်ကြီး၊   လက်ဝဲသလုံး တော်ဓာတ်စေတီနှင့်      အတုလ မာရဇိန် ပြည်လုံးချမ်းသာဘုရား တို့အပြင်       တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  ဘုရားစေတီ ပုထိုးများ၌    သံဃာတော်များ၊ သာသနာ့နွယ်ဝင်    သီလရှင်များ၊ မိဘပြည်သူများက   ကိုဗစ်- ၁၉ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညိုခြင်း၊ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော် ကုသိုလ်ယူခဲ့ကြသည်။
ထို့အပြင် မန္တလေးတိုင်းဒေသ ကြီး   ပြင်ဦးလွင်မြို့  အမျိုးသား ကန်တော်ကြီး    ဥယျာဉ်နှင့် ပိတ်ချင်းမြောင် မဟာနန္ဒာလိုဏ်ဂူ တော်ကြီး၊    ဧရာဝတီတိုင်းဒေသ ကြီး  ပုသိမ်မြို့နယ်   ချောင်းသာ ကမ်းခြေနှင့်  ငွေဆောင်ကမ်းခြေ များ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ် အသီးသီးရှိ အပန်းဖြေဥယျာဉ်များ၊ ပန်းခြံများ၊ တိရစ္ဆာန်ဥယျာဉ်များ ၌လည်း   လာရောက်အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်း  ရရှိသည်။
သတင်းစဉ်