တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရှိ ဆင်မလေးမိုမို၏ ၆၈ နှစ်ပြည့် မွေးနေ့ကျင်းပမည်


 

ရန်ကုန်   အောက်တိုဘာ  ၁၉


တိရစ္ဆာန်ဥယျာဉ်    (ရန်ကုန်)   ရှိ ပြည်သူ့အချစ်တော်   ဆင်မလေး မိုမို၏   ၆၈   နှစ်ပြည့်  မွေးနေ့ပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက် အထိ    ကျင်းပမည်ဖြစ်ကြောင်း       တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏      သတင်းထုတ်ပြန်ချက်အရ    သိရ သည်။
ဆင်မလေးမိုမို၏ မွေးနေ့တွင်  မွေးနေ့ကိတ်ခွဲမည့်   အောက်တို ဘာ ၂၂ ရက်၌   တက်ရောက်နိုင် သည့်    လူဦးရေ   အရေအတွက် ကန့်သတ်         ထားခြင်းကြောင့် မွေးနေ့ဆုတောင်းဗီဒီယို   ပေးပို့ ထားသူများအနက်မှ ရွေးချယ်ပြီး ပွဲတက်ရောက်ရန်  ဖိတ်ကြားမည် ဖြစ်သည်။    
အဆိုပါ    မိုမို၏ မွေးနေ့ရက် များအတွင်း        တိရစ္ဆာန်ဥယျာဉ်  (ရန်ကုန်)  ၌      ထူးခြားသည့်        စိတ်ဝင်စားဖွယ်      အစီအစဉ်များ လည်း ထည့်သွင်းဆောင်ရွက်မည်    ဖြစ်ကြောင်း       ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မိုမိုသည် ယခုနှစ်တွင် ၆၈ နှစ် ပြည့်ပြီဖြစ်ပြီး ကမ္ဘာတွင်   အသက် အရွယ်ကြီးမားသော အာရှဆင် စာရင်းတွင်    ပါဝင်သည်။    မိုမို အသက် ခုနစ်နှစ်ခန့်တွင် တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) သို့ စတင်ရောက် ရှိခဲ့ပြီး     မြန်မာပြည်တစ်လွှားမှ  ပြည်သူအပေါင်းတို့၏ အချစ်ဆုံး ဆင်တစ်ကောင်အဖြစ်  ခံယူထား ရသည်။ သူ၏ဘဝ တစ်လျှောက်   တိရစ္ဆာန်ဥယျာဉ်   (ရန်ကုန်)  သို့ လာရောက်လည်ပတ်သူများအား   အကအလှများဖြင့် ဖျော်ဖြေပေး ပြီး နိုင်ငံတော်အထင်ကရ  အခမ်း အနားများတွင်လည်း    တတ်စွမ်း သမျှ   တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ သည်။ အသက် ၆၀   ပြည့်နှစ်တွင်    ဖျော်ဖြေရေး         လုပ်ငန်းများမှ        အနားယူခဲ့ပြီး      မျိုးဆက်သစ်    ဆင်ငယ်လေးများကို        ထိန်း ကျောင်းရင်း     အေးချမ်းစွာနေ ထိုင်လျက်ရှိသည်။     တိရစ္ဆာန် ဥယျာဉ်  (ရန်ကုန်)   အနေဖြင့် မိုမို ၏အသက်   ၆၀   ပြည့်နှစ်မှစ၍ မွေးနေ့ပွဲကို       နှစ်စဉ်ကျင်းပ ပေးလျက်ရှိကြောင်း  သိရသည်။
မိုမိုအား     ကယားပြည်နယ် လွိုင်ကော်မြို့နေ   ဦးခွန်ဆန္ဒက ၁၉၆၁   ခုနှစ်တွင်    တောထဲတစ် နေရာ၌  အဖော်မပါဘဲ တစ်ကောင် တည်းသွားနေသည်ကို     တွေ့ရှိခဲ့ ၍      အန္တရာယ်များသည့်အတွက် နေအိမ်သို့    ခေါ်ဆောင်ခဲ့ပြီး      ယင်းနောက်         တိရစ္ဆာန်ဥယျာဉ်  (ရန်ကုန်)  သို့   ပို့ဆောင် လှူဒါန်း ခဲ့ခြင်းဖြစ်သည်။  တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သို့  ရောက်သောအခါ မိုမို၏   ဆင်ဦးစီးက မိုမိုဟု အမည် ပေးခဲ့ခြင်း        ဖြစ်ကြောင်းလည်း သိရသည်။              
အာကာလင်း