
နေပြည်တော် အောက်တိုဘာ ၁၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာ လျှင် လက်ကားဈေး ငွေကျပ် ၃၇၀ဝ နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့အတွက် စားအုန်းဆီ ၇၄၄၆၄၉၂ ပိဿာ၊ တန်ချိန် ၁၂၁၆၇ တန် ရောင်းချခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချ သူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုး အမြတ် ၂ ရာခိုင်နှုန်းထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူ များသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးမည့်လုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(၁၀၄/၁၀၈)ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်း အိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်းအမှတ် ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်