
နေပြည်တော် အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုခန်းကျောင်း တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိမလာ ဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီးသည် သက်တော် (၉၃) နှစ်၊ သိက္ခာတော် (၇၃)ဝါအရ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်၊ (၁၁-၁၀-၂၀၂၁)၊ တနင်္လာနေ့၊ နံနက် ၀၉:၀၀ နာရီတွင် ဘဝနတ်ထံ ပျံလွန် တော်မူကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို အောက်တိုဘာ ၁၇ ရက်တွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်