ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာမည့်သူများထားရှိရန် မရမ်းကုန်းမြို့နယ်ရှိ (MCC) မင်းဓမ္မကွာရက်တင်းစင်တာဖွင့်

 

ရန်ကုန်    အောက်တိုဘာ   ၁၃


ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာမည့်သူများထားရှိရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ဝင်းအတွင်း တွင် မင်းဓမ္မကွာရက်တင်းစင်တာဖွင့်လှစ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ကျင်းပသည်။

 

စင်တာအား    ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်  ဦးလှစိုး၊ တိုင်းဒေသကြီး    စည်ပင်သာယာရေးဝန်ကြီး၊   ရန်ကုန်မြို့တော် စည်ပင်သာယာရေး  ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး နှင့်   မြန်မာ-အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ရှင်းလင်းပြသ


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တိုင်းဒေသကြီး ဝန်ကြီးများသည် စင်တာအတွင်း  ပြည်ပနိုင်ငံများမှ     ပြန်လည် ဝင်ရောက်လာမည့် သူများထားရှိ နိုင်ရေး  ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ    MCC အဆောက်အအုံတွင်   ၂၅၀  နှင့်  မြန်မာ-အိန္ဒိယ စီးပွားရေးလုပ်ငန်း ရှင်များအသင်းမှ     ဆောက်လုပ် လှူဒါန်းသည့်  အလျား  ၁၁၅ ပေ၊ အနံပေ ၄၀ ရှိ အဆောင်သုံးဆောင် တွင် ၁၈၀ စုစုပေါင်း ၄၃၀ အတွက် အိပ်ရာ၊   ခြင်ထောင်၊   ခုတင်နှင့် ရေချိုးခန်း၊        အိမ်သာများ၊   တစ်ကိုယ်ရေသုံး   ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှု   အခြေ အနေများကို    ကြည့်ရှုစစ်ဆေးရာ မြို့တော်ဝန်      ဦးဗိုလ်ဌေးနှင့်     ဦးဇော်ဇော်နိုင်တို့က   လိုက်လံ ရှင်းလင်းပြသသည်။


ယင်းနောက်      အလှူရှင် ဒေါက်တာ      ဒေါ်စန်းစန်းရီက စင်တာတွင် အသုံးပြုရန်   Oxygen Concentrator ငါးလုံးကို ပေးအပ် လှူဒါန်းရာ ဝန်ကြီးချုပ်က လက်ခံ ယူသည်။


ဆက်လက်၍   စင်တာတွင် အသုံးပြုရန်     တိုင်းဒေသကြီး အစိုးရအဖွဲ့က     ထောက်ပံ့ပေး သည့် ကိုဗစ်-၁၉   ကာကွယ်ရေး အထောက်အကူပြု  ပစ္စည်းများ ဖြစ်သည့် နှာခေါင်းစည်း ၅၀ ခုပါ ဘူး ၈၀၊ လက်သန့်ဆေးရည်ဘူး ၄၀၀၊ ခေါင်းစွပ် အခု ၂၀၀၊ မျက်နှာ အကာ အခု ၅၀၊   PPE  ဝတ်စုံ  Level 2  ၁၄၉ စုံ ကို စည်ပင်သာယာ ရေးဝန်ကြီး၊    ရန်ကုန်မြို့တော် စည်ပင်သာယာရေး    ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး က     စင်တာတာဝန်ရှိသူများထံ   ထောက်ပံ့ပေးအပ်လှူဒါန်းသည်။


ယင်းနောက်  ဝန်ကြီးချုပ်က လိုအပ်သည်များ    မှာကြားပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး     သက်ဆိုင်ရာဌာနများ နှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန် /ဆက်)