ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်

 

ဟိုပုံး  အောက်တိုဘာ ၁၃


ရှမ်းပြည်နယ်(တောင်ပိုင်း)     ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၁၉၈၁၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၂ ကျောင်း၊ ဆီဆိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၇ ကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်း ၂၉ ကျောင်း၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာအထက် တန်းကျောင်း ၂၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၅၂ ကျောင်း စုစုပေါင်းအခြေခံပညာအထက်တန်းကျောင်း ၄၉ ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း ၁၀၃ ကျောင်းရှိပြီး အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၃၈ ဦးနှင့်  အခြေခံပညာအလယ်တန်းကျောင်း ကျောင်းသား ကျောင်းသူများမှ  အသက် ၁၂ နှစ်နှင့်အထက်ပြည့်ပြီး သတ်မှတ်ချက်ကိုက်ညီသူ ၁၅၉၁၇ ဦး၊  ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ကျောင်းသား ကျောင်းသူ ၇၆၃ ဦး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၉၈၁၈ ဦးအား ဆေးထိုးစုရပ် စုစုပေါင်း၂၆ နေရာတို့တွင်  ဆေးထိုးအဖွဲ့(၂၈) ဖွဲ့ဖြင့်   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။                      

ခရိုင်(ပြန်/ဆက်)