နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

နေပြည်တော် အောက်တိုဘာ ၁၃


အခြေခံပညာ   အလယ်တန်းနှင့် အထက်တန်း       ကျောင်းသား ကျောင်းသူများကို   ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား   ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့်    ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိလာ စေရေးအတွက်        ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ  အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ များအား ကိုဗစ် - ၁၉ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။ 


ကိုဗစ် - ၁၉   ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့်      စပ်လျဉ်း၍ နေပြည်တော်   ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမွန် ကျော်မြင့်က    “အခြေခံပညာ ကျောင်း၊   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့   ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ   ရှိတဲ့ အသက်   ၁၂   နှစ်နဲ့အထက် ကျောင်းသား    ကျောင်းသူတွေ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်။   အခု ဆေးထိုးရတဲ့        ရည်ရွယ်ချက် ကတော့    ကိုဗစ်-၁၉   ကမ္ဘာ့ ကပ်ရောဂါကြောင့်      အခြေခံပညာ ကျောင်းတွေကို ပိတ်ထားခဲ့ရတာ တစ်နှစ်ကျော်   ရှိသွားပြီဖြစ်တဲ့ အတွက် နိုင်ငံတော်အစိုးရအနေနဲ့  ကျောင်းတွေ     အမြန်ပြန်လည် ဖွင့်လှစ်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကင်းစင်စွာနဲ့ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကာကွယ် ဆေး ထိုးနှံပေးရခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေး   ထိုးနှံပေးရာမှာ ကျောင်းသားတွေရဲ့ မိဘ၊ အုပ်ထိန်း သူတွေ သဘောတူညီချက်ရယူပြီး သဘောတူညီချက်ရတဲ့ ကျောင်း သား   ကျောင်းသူတွေကို  ဦးစား ပေး ထိုးနှံပေးနေတာဖြစ်ပါတယ်။ မိဘ၊ အုပ်ထိန်းသူတွေရဲ့ သဘော တူညီချက်မရရင်တော့ ကာကွယ် ဆေးမထိုးပေးပါဘူး။   ကာကွယ် ဆေး    မထိုးထားပေမယ့်လည်း ကျောင်းတက်ရောက်ခွင့်တော့ ပေးမှာ  ဖြစ်ပါတယ်။  ဆေးထိုးနှံ ပေးနေတာ         နှစ်ရက်ရှိပါပြီ၊ ကျောင်းသားမိဘတွေကလည်း ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်း ပါဝင်ပေးတဲ့အတွက် ဘာအခက် အခဲမှမရှိပါဘူး” ဟု ပြောသည်။ 


ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၁၂ ရက်မှ   စတင်၍  ထိုးနှံပေးလျက် ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ   ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့ နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာ သီရိမြို့နယ်၊   ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်း မြို့နယ်တို့ရှိ        အခြေခံပညာ ကျောင်း၊   ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့်   ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၄၉၆ ကျောင်း တွင်ရှိသည့်        ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦး အား ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။


“နိုင်ငံတော်   အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးတဲ့  အစီအစဉ် တွေကို  တစ်နိုင်ငံလုံး  အတိုင်း အတာနဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ရက်ထက် စောနိုင်သမျှစောအောင် စီစဉ်    ဆောင်ရွက်နေပါတယ်။ အသက်    ၁၂   နှစ်နဲ့အထက် ကျောင်းသား  ကျောင်းသူတွေကို ကာကွယ်ဆေး      ထိုးပေးနေတဲ့ အချိန်မှာ          ကျောင်းသား ကျောင်းသူတွေအားလုံး လာရောက် ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ ကျောင်းသား    ကျောင်းသူတွေ ကာကွယ်ဆေး      ထိုးဖို့အတွက် ကျောင်းသားတွေရဲ့      မိဘနဲ့ အုပ်ထိန်းသူတွေကလည်း ပူးပေါင်း ပါဝင်ပေးဖို့    အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့ အခါမှာလည်း ကိုဗစ်လမ်းညွှန်မှု များနဲ့ ကိုက်ညီမှုရှိအောင် မြို့နယ် အုပ်ချုပ်ရေးမှူး၊    သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊     လူမှု ဝန်ထမ်းဦးစီးဌာနနဲ့  NGO  အဖွဲ့ အစည်းတွေနဲ့       ပူးပေါင်းပြီး ဆောင်ရွက်နေတာ       ဖြစ်ပါ တယ်။   ကျောင်းသားတွေအပြင် အကြောင်း   အမျိုးမျိုးကြောင့် ကာကွယ်ဆေး   မထိုးနှံရသေးတဲ့ ဆရာ ဆရာမတွေနဲ့ သူတို့ရဲ့ မှီခို မိသားစုဝင်တွေကိုလည်း   ထိုးနှံ ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ဦးမွန်ကျော်မြင့်က   ဆက်လက် ပြောကြားသည်။


နေပြည်တော်ကောင်စီနယ် မြေအတွင်း မြို့နယ်များအလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌  အသက် ၁၂ နှစ် နှင့်အထက်       ကျောင်းသား ကျောင်းသူများကို         နေ့ရက် အလိုက်      သတ်မှတ်ထားသည့် လူဦးရေစာရင်းအတိုင်း ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ကာကွယ်ရေး  နည်းလမ်းများနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များ  ထားရှိ၍ လက်ဆေးစေခြင်း၊    Mask  နှင့် Face  Shield   များ  ဝေငှခြင်း၊ ဆေးထိုးရန်    လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း တို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက ဆောင် ရွက်ပေးကြပြီး   ပညာပေးဗီနိုင်း ဆိုင်းဘုတ်များကိုလည်း ကျောင်း တွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိ ကာ အသိပညာပေးမှုများ ဆောင် ရွက်ထားသည်ကို တွေ့ရသည်။ 


ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူများကို လည်း နောက်ဆက်တွဲ လက္ခဏာ များ ဖြစ်ပေါ်မှု  ရှိ၊ မရှိ  သီးသန့် အခန်းများတွင်   နာရီဝက်စောင့် ကြည့်ပြီး ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာ   ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ   ကျန်းမာ ရေးစောင့်ရှောက်မှု  အပြည့်အဝ ပေးနိုင်ရန် ဆောင်ရွက်ထားသည် ကိုလည်း တွေ့ရသည်။ 


ထို့ပြင်        ဆေးထိုးနှံမည့် ကျောင်းသား   ကျောင်းသူများ ဘေးအန္တရာယ်   ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များ  စီစဉ်ပေးထားပြီး  ဆေးထိုး စုရပ်      ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်  ကင်းရှင်းစေရေး အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊    မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံ ရေး    ဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။  

သတင်း-ဟန်မင်း
ဓာတ်ပုံ-ကိုကိုအေး