
နေပြည်တော် အောက်တိုဘာ ၁၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၁၃ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ခုနစ်ခုမှ Dolo-Denk Gel ၃၆၀၉၆ ခု၊ Metagard Cr-35 Tablet အခု ၉၆၀၀၊ Solvin Tablet ၆၈၂ ခု၊ Qutero Tablet ၁၆၇၅ ခု၊ Ec-Pram Tablet ၁၀၃၆ ခု၊ Methyl-prednisolone ၁၇၀၂၆ ခု၊ Daclaceet Tablet ၅၂၆ ခု၊ Lazon Tablet အခု ၃၀၀၊ Oxygen Concentrator Spare Parts ၁၀ ခု။
ရန်ကုန်ဆိပ်ကမ်းများမှ Mask အခု ၁၁၇၃၆၀၊ Oxygen Plant ၁၀ ခု၊ Oxygen Cylinder ၁၇၁၃ ခု၊ Oxygen Regulator/Flow Meter အခု ၂၇၀၀၊ ဆေးမျိုးစုံ ၅၅ မျိုး (၂၅၉၁၁၁.၈၀ Kg)။
နယ်စပ်(မြဝတီ၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ ခုနစ်ခု တို့မှ Mask ၄၁၈၁၂ Kg၊ Liquid Oxygen ၁၅၁၈၅ m3၊ Oxygen Plant နှစ်ခု၊ Dispo Sable Cap ၂၂၄၀ Kg ၊ Glucose Injection ၄၄၉၄၈ Kg၊ Omega 3 fish oil ၆၅၂၈ kg၊ Vitamin B12 Injection ၆၆၆၅ Kg၊ Vitamin B6 Injection ၄၃၇၀ Kg၊ Vitamin -C Injection ၁၆၈၉၆ Kg၊ Portable Folding Stretcher Bed ၅၂၆ ခု၊ Royal Bcom (Capsule) ၂၀၀၄ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်