ဂီတလောကသားများ၏ အကျိုးစီးပွားများ ဖော်ဆောင်ရေး၊ ဂီတလောက တိုးတက်ထွန်းကားရေး၊ ရုပ်ရှင်ဇာတ်ကားများ ပြန်လည်ပြသဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေး

ရန်ကုန် အောက်တိုဘာ  ၁၂


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)  ယာယီအမှု ဆောင်အဖွဲ့ဝင်များနှင့် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၌  တွေ့ဆုံပြီး   ဂီတ လောက     ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးသည်။
အစည်းအဝေးတွင်  ပြည်ထောင်စု ဝန်ကြီးက ဂီတအနုပညာရှင်များအနေဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက်  ဂီတ စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်က လည်း အနုပညာလုပ်ငန်းဆောင်ရွက်နေသူများကို “ပညာရှင်”အဖြစ်  သတ်မှတ် အလေးထားသကဲ့သို့   လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးရန် မကြာခဏ မှာကြားလေ့ရှိပါကြောင်း၊    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   မွန်းကျပ်နေသော ပြည်သူများ အပန်းပြေစေရန်နှင့် ပျော်ရွှင် တက်ကြွလာစေရန်အတွက် အနုပညာရှင် များက ဖျော်ဖြေရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း။

ခွင့်ပြုပေးလျက်ရှိ


ယခုအခါ ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို   ထိန်းချုပ်လာနိုင်မှု နှင့်အတူ ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ် ရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖျော်ဖြေရေးလုပ်ငန်းများကို   ခွင့်ပြုပေး လျက်ရှိပါကြောင်း၊   မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၏ အမှုဆောင်အဖွဲ့မှာ သက်တမ်း       ပြီးမြောက်ခဲ့ပြီဖြစ်သော် လည်း အခြေအနေအရ အမှုဆောင်အဖွဲ့ သစ်တစ်ရပ်        ရွေးကောက်တင်မြှောက် ဖွဲ့စည်းနိုင်ခြင်း      မရှိသေးသည့်ကာလ အတွင်း       ယာယီအမှုဆောင်အဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်း       ဖြစ်ပါကြောင်း၊ ယာယီအမှုဆောင်အဖွဲ့အနေဖြင့် သင်းဖွဲ့ စည်းမျဉ်းတစ်ရပ်ရေးဆွဲပြီး ဂီတလောက သားများ၏ အတည်ပြုချက် ရယူနိုင်ရန်၊ အဆိုပါ  သင်းဖွဲ့စည်းမျဉ်းနှင့်အညီ   ဂီတ လောကသားများအားလုံး    ပါဝင်သည့် ရွေးကောက်ပွဲတစ်ရပ်   ကျင်းပပြီး      အမှု ဆောင်အဖွဲ့အား   ဖွဲ့စည်းကာ    တာဝန် လွှဲပြောင်း/ ပေးအပ်နိုင်ရန် ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက် နေသည့်ကာလအတွင်း ဂီတလောကသား များ၏ အကျိုးစီးပွားများ ဖော်ဆောင်ရေး၊ ဂီတလောက   တိုးတက်ထွန်းကားရေးတို့ အတွက်    ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်အထည်ဖော်  ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ     လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးဝန်ကြီးဌာန           အနေဖြင့်  မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)   ယာယီအမှုဆောင်အဖွဲ့မှ နာယကကြီးများနှင့်        အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့်   လုပ်ငန်းစဉ် များကိုလည်းကောင်း  ဆွေးနွေးတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ 


ဆောင်ရွက်သွားမည်


 မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကို ၁၉၆၃ ခုနှစ်  ဇူလိုင်  ၁၁ ရက်တွင် “မြန်မာနိုင်ငံ ဂီတကောင်စီ” အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး   ၁၉၈၁   ခုနှစ်တွင် “မြန်မာနိုင်ငံဂီတကောင်စီ   စည်းရုံးရေး ကော်မတီ” အမည်ဖြင့် ပြောင်းလဲခဲ့ရာမှ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို) အမည်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏  အမှုဆောင် အဖွဲ့မှာ သက်တမ်းပြီးမြောက်ခဲ့ပြီဖြစ်သော် လည်း       အမှုဆောင်အဖွဲ့သစ်တစ်ရပ် ရွေးကောက်တင်မြှောက်  ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်ကာလအတွင်း  ယာယီအမှု ဆောင်အဖွဲ့အား ဖွဲ့စည်းပြီး ဂီတလောက သားများ၏ အကျိုးစီးပွားများ ဖော်ဆောင် ရေး၊ ဂီတလောက   တိုးတက်ထွန်းကား ရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


ဆွေးနွေးညှိနှိုင်း


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် အမှတ်(၂၈) ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန         ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ နာယကများ၊  အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍     အနုပညာ လုပ်ငန်းများ   ပြန်လည်စတင်ဆောင်ရွက် နိုင်မည့်အခြေအနေ၊   ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားများ   ပြန်လည်ပြသ ဆောင်ရွက်နိုင်မည့်အခြေအနေနှင့် ရုပ်ရှင် လောကသားများ     ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက် ပေးနိုင်မည့်  အခြေအနေများကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။          


  သတင်းစဉ်