သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိ

 

 

နေပြည်တော်  အောက်တိုဘာ   ၁၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းတို့  ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများ  ကို တစ်ပိဿာလျှင်   လက်ကားဈေး ငွေကျပ် (၃၇၀ဝိ/) နှုန်းဖြင့် စက်တင်ဘာ  ၂၀  ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် နှင့် နေပြည်တော်တို့အတွက် စားအုန်းဆီ ၇၀၅၉၄၀၂ ပိဿာ၊ တန်ချိန် ၁၁၅၃၅ တန် ရောင်းချခဲ့ပြီးဖြစ်သည်။ 
ရန်ကုန်မြို့အတွင်းရှိ     စားသုံးသူများအတွက်    အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချ ပေးလျက်ရှိပြီး      ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း     ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊   စားအုန်းဆီများကို လက်ကားဝယ်ယူ ရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင် များတွင် အသားတင်အကျိုးအမြတ် (၂ ရာခိုင်နှုန်း) ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချ သွားရမည်ဖြစ်ပြီး စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးမည့်   လုပ်ငန်းရှင်များအနေဖြင့်  မြန်မာနိုင်ငံ ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်း၊  အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ် ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း  သိရသည်။
သတင်းစဉ်