
နေပြည်တော် မတ် ၁၆
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော စက်မှုဇုန် ဥပဒေကြမ်းဆိုင်ရာ အစည်းအဝေး ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် ပြည်ထောင်စုလွှတ်တော် ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်