
ရန်ကုန် အောက်တိုဘာ ၁၁
MNL (မြန်မာနေရှင်နယ်လိဂ်) ကလပ် ရန်ကုန်ယူနိုက်တက် အသင်းသည် မြန်မာ့လက်ရွေးစင် တိုက်စစ်ကစားသမား မောင်မောင်လွင်နှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မောင်မောင်လွင်နှင့် ရန်ကုန်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ကစား သမား၏ ဆန္ဒအရ စာချုပ်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ရန်ကုန်ယူနိုက်တက် သတင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ ရဲရင့်လွင်