ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဗိုလ်လုပွဲ ပြင်သစ်က စပိန်ကိုနိုင်ပြီး ဖလားဆွတ်ခူး


 

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် စပိန်အသင်းနှင့် ပြင်သစ်အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက အီတလီရှိ ဆန်စီယိုအားကစားကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့ရာ ပြင်သစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် စပိန်အသင်းကို အနိုင်ရရှိပြီး နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ စပိန်အသင်းအတွက် သွင်းဂိုးကို အိုယာဇာဘယ်က သွင်းယူပေးပြီး ပြင်သစ်အသင်း အတွက် သွင်းဂိုးများကို ဘင်ဇီမာနှင့် အမ်ဘတ်ပီတို့ က သွင်းယူပေးနိုင်ခဲ့သည်။ 
ဖလားဆွတ်ခူးနိုင်ရေးအတွက် နှစ်သင်းစလုံးကစားသမားအစုံအလင်ဖြင့်    ပွဲထွက်လာသော ကြောင့် ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး  ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။ ပွဲချိန်   ငါးမိနစ်တွင်   ပြင်သစ် အသင်းမှ ဘင်ဇီမာ အပိုင်ကန်သွင်းခွင့်ရရှိခဲ့သော် လည်း စပိန်ခံစစ်ကစားသမား အက်စပီလီကျူတာ  ရှင်းထုတ်နိုင်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။  ပွဲအစ ပိုင်း မိနစ်များတွင် ဂိုးရရှိနိုင်သည်အထိ စပိန်အသင်း ကို     ဖိအားပေးကစားနိုင်ခဲ့သော်လည်း နောက်ပိုင်း ပွဲချိန်များတွင် စပိန်အသင်းကသာ ထိန်းချုပ်ကစား နိုင်ခဲ့သည်။
ပထမပိုင်းပွဲချိန်ပြီးခါနီးတွင် ခံစစ်ကစားသမား ဗာရာနီ    ဒဏ်ရာရရှိခဲ့၍   အူပါမီကာနိုင်နှင့်   လူစားလဲခဲ့ရသည်။   တစ်ဖက်နှင့်   တစ်ဖက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများရှိခဲ့သော်လည်း   ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ပထမပိုင်းကို ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့သည်။
ပွဲချိန်  ၆၃  မိနစ်တွင်  ပြင်သစ်အသင်းမှ ဟာနန်ဒက်ဇ် အပိုင်ပိတ်သွင်းခွင့်ရရှိခဲ့သော်လည်း  ဂိုးဘားတန်းထိကာ လျှံထွက်ခဲ့သည့် အတွက် နစ်နာခဲ့ရသည်။ ပွဲချိန် ၆၄ မိနစ်တွင် စပိန်အသင်း      ဦးဆောင်ဂိုး     ရရှိခဲ့ပြီး ဘက်စ်ကွက်၏ ဖန်တီးမှုမှတစ်ဆင့် အိုယာ ဇာဘယ်က သွင်းယူပေးခဲ့သည်။ 
ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး နှစ်မိနစ် အကြာတွင် ပြင်သစ်အသင်း ချေပဂိုးရရှိခဲ့ပြီး အမ်ဘတ်ပီ၏ ဖန်တီးမှုမှတစ်ဆင့် ဘင်ဇီမာက သွင်းယူပေးခဲ့သည်။ တစ်ဖက်တစ်ဂိုးစီ သရေကျ ပြီးနောက်     စပိန်အသင်း၏   ကစားအား ကျလာခဲ့ပြီး ပြင်သစ်အသင်းက ဖိအားပေး ကစားနိုင်ခဲ့သည်။ ပွဲချိန်မိနစ် ၈၀ တွင် ပြင်သစ် အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဟာနန်ဒက်ဇ်၏ ဖန်တီးမှုမှ   အမ်ဘတ်ပီက  သွင်းယူပေးနိုင်ခဲ့ သည်။     ထို့နောက်   ပွဲချိန်ပြည့်သည်အထိ တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း  မရှိသောကြောင့် ပြင်သစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။
နေးရှင်းလိဂ်ပြိုင်ပွဲ၏ တတိယနေရာလုပွဲ အဖြစ်    အီတလီအသင်းနှင့်   ဘယ်လ်ဂျီယံ အသင်းတို့    ပွဲစဉ်တွင်    အီတလီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ တတိယ နေရာကို   ရယူနိုင်ခဲ့သည်။  အီတလီအသင်း အတွက် သွင်းဂိုးများကို ဘာရယ်လာ၊ ဘီရာဒီ တို့က  သွင်းယူပေးပြီး  ဘယ်လ်ဂျီယံအသင်း အတွက် သွင်းဂိုးကို ဒီကီတဲလ်ရီက သွင်းယူပေးနိုင်ခဲ့သည်။                                                                    
အောင်ဇော်