ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   အောက်တိုဘာ    ၁၁


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ်အသီးသီး၌    လက်ခံဆောင်ရွက်ပေးလျက်ရှိရာ   အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၃၂ ဦး၊  အမျိုးသမီး  ၂၄ ဦး၊   စုစုပေါင်း ၅၆ ဦးတို့ကို လက်ခံခဲ့သည်။ 
ထိုသို့လက်ခံရာတွင်      သက်ဆိုင်ရာ    ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော် ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက် ရမည့်   အထောက်အထား  စာရွက်စာတမ်းများ  ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏    ညွှန်ကြားချက်များကို     ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုအပ် သည်များ ကူညီဆောင်ရွက်ပေးကြသည်။                      သတင်းစဉ်