
နေပြည်တော် အောက်တိုဘာ ၁၁
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှု ကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသ တွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူ များ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် ရှမ်းပြည် နယ် အရှေ့ပိုင်း ကျိုင်းတုံတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များ၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုသည်။
ယင်းနောက် တိုင်းမှူးသည် တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်း များ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။ သတင်းစဉ်