တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာအောင် ရပ်တည်ပူးပေါင်းဆောင်ရွက်လျက်ရှိ

နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသဖြင့် ထိထိရောက်ရောက်ဆောင်ရွက်
အစိုးရနှင့် ပြည်သူ ချိတ်ဆက်မှုယန္တရားများ အားလုံးခိုင်မာတောင့်တင်းနေရန်လို

 

နေပြည်တော်   အောက်တိုဘာ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်     တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊   ကောင်စီတွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊     ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးခင်ရီ၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁ ရက်  နောက်ပိုင်း   ဆူပူ ဆန္ဒပြဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ချိန်၌ ရန်ကုန်မြို့တွင်လည်း ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့်    


ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်နေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊     တပ်မတော် အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ရပ်တည်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် Free and Fair မဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီ၏အသက် မှာ    ရွေးကောက်ပွဲ    Free and Fair ဖြစ်ရေးပင် ဖြစ်ကြောင်း၊  ရွေးကောက်ပွဲတွင်   မဲမသမာမှုဖြစ်ပေါ်ခဲ့ သည့်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်သော်လည်း ပါတီထောက်ခံသူများအနေဖြင့်    အကြမ်းဖက်မှု လမ်းကြောင်းကို ရွေးချယ်ခဲ့မှုကြောင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခဲ့ကြောင်း၊ လုံခြုံရေး နှင့်  တရားဥပဒေစိုးမိုးရေးအတွက်   တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊  အချို့နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်     ရွေးကောက်ပွဲမသမာမှုနှင့် ရွေးကောက်ပွဲပြီးရလဒ်နှင့်  ဆက်နွှယ်ဖြစ်ပေါ်လာ သော လုပ်ရပ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက်နေ သည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေ နှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်သော်လည်း အကြမ်းဖက်မှုများမှာ မဖြစ်သင့်ကြောင်း၊ တည်ငြိမ် အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ကဆောင်ရွက်လျက် ရှိပြီး တပ်မတော်ကကူညီဆောင်ရွက်၍  ဥပဒေနှင့် အညီ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့သော်အချို့သောဖြစ်စဉ်များတွင် နှစ်ဖက် ပေးဆပ်ရမှုများရှိကြောင်း၊  အဓိကအားဖြင့်   နိုင်ငံ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေး ကြီးသဖြင့်  ထိထိရောက်ရောက်   ဆောင်ရွက်ရန် လိုကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများ ရှိခဲ့ပြီး ထပ်မံမဖြစ်ပေါ်စေရေး ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရန်အတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း။


စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လို


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယခင်ကထက် တိုးတက်မှုများရှိသော်လည်း လိုအပ် ချက်များရှိနေသေးသဖြင့်    စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊   တရားမဝင်မော်တော် ယာဉ်များ သုံးစွဲနေမှုအား ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊         ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ        လိုက်နာနိုင်ရန်အတွက် လမ်းအင်္ဂါရပ်နှင့်ကိုက်ညီသည့် လမ်းနှင့်လမ်းညွှန် အမှတ်အသားများ၊ လူကူးမျဉ်းကျားများ စနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊   ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဝန်ထမ်းများအနေဖြင့် လည်း   တာဝန်ထမ်းဆောင်ရာတွင်  သတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခြင်း ဖြင့်  ယာဉ်စည်းကမ်းနှင့်ပတ်သက်၍   ထိန်းသိမ်း ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း။


မြို့သာယာလှပရေးနှင့်ပတ်သက်၍ မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အမှိုက်သရိုက် များစွန့်ပစ်မှုကို စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် မြို့သာယာလှပမှုကို ထိခိုက်စေနိုင်သည် မက ချောင်းမြောင်းများ ပိတ်ဆို့ခြင်းကြောင့် ရေကြီး ရေလျှံမှုများကို ဖြစ်ပေါ်စေကြောင်း၊ ယခုနှစ်တွင် ချောင်းမြောင်းပိတ်ဆို့ခြင်းကို    ဖယ်ရှားနိုင်ခြင်း ကြောင့် ရေကြီးရေလျှံမှုကို တတ်နိုင်သမျှလျှော့ချနိုင် ခဲ့ကြောင်း၊ အမှိုက်များရှင်းလင်းရာတွင်  မီးရှို့သည့် စနစ်နှင့် စွန့်ပစ်သည့်စနစ် နှစ်မျိုးဆောင်ရွက်နိုင်ပြီး မီးရှို့သည့်စနစ်ကိုဆောင်ရွက်ခြင်းဖြင့် ငွေကုန်ကြေးကျ ရှိသော်လည်း မြို့သာယာလှပမှုကိုဖြစ်စေကြောင်း၊ ပလက်ဖောင်းလမ်းများ ဆောက်လုပ်ရာတွင် လူများ လွတ်လွတ်လပ်လပ် သွားလာနိုင်စေရေး စနစ်တကျ ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပလက်ဖောင်းများ ပေါ်၌  ဈေးများရောင်းချမှုမရှိစေရေး   ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊    ယာဉ်များသွားလာမှု လွယ်ကူစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့်  မြို့သာယာ လှပမှုကို အထောက်အကူပြုစေကြောင်း၊  ဈေးဝယ် ကြော်ငြာဆိုင်းဘုတ်များအား သတ်မှတ်သည့် နေရာ များ၌သာကြော်ငြာရေး  ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ သောက်သုံးရေ လုံလောက်စွာရရှိရေး အတွက် ရရှိသည့်ရေများအားလုံး သန့်ရှင်းရန် လိုအပ် သဖြင့် အလေးထားဆောင်ရွက်ရန်လိုကြောင်း။


ပြည်ပမှဝယ်ယူစားသုံးမှုကို လျှော့ချနိုင်


ရန်ကုန်မြို့တော်   စည်ပင်သာယာနယ်နိမိတ် အတွင်း နေထိုင်သူများအားလုံးသည် နေထိုင်သွားလာ မှု  အဆင်ပြေသည့်အတွက်  ရန်ကုန်မြို့အတွင်း နေထိုင်သူများအားလုံး နိုင်ငံသား မှတ်ပုံတင်ကတ်များ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စားသောက်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေး ခြင်းဖြင့်   နိုင်ငံ၏စီးပွားရေးကို  ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ စားသောက်ရေး ဖူလုံမှုကိုဆောင်ရွက်၍ ၎င်းမှတစ်ဆင့် အရည်အသွေး ကောင်းမွန်သော စားသောက်ကုန် ထုတ်လုပ်နိုင်သည့် အဆင့်ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်သည့်စားသောက်ကုန် များအားလုံး      အရည်အသွေးကောင်းမွန်စွာဖြင့် ဈေးနှုန်းသက်သာစွာ   ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှဝယ်ယူစားသုံးမှုကို  လျှော့ချနိုင်ကြောင်း၊ စားသောက်ကုန်သီးနှံများအား  ရာသီချိန်အလိုက် ထုတ်လုပ်၍ အထွက်နှုန်းများကောင်းမွန်ပြီး ပြည့်ဝ စွာရရှိအောင် ဆောင်ရွက်နိုင်ရေး လူတစ်ဦးချင်း အခြေခံလိုအပ်ချက်ကို  တွက်ချက်ကာ   တိုင်းဒေသ ကြီးတစ်ခုလုံးဖူလုံအောင် စီမံဆောင်ရွက်နိုင်ရန်လို ကြောင်း၊ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို နမူနာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ      စဉ်းစားဆောင်ရွက်ကြရန်လို ကြောင်း၊ ရန်ကုန်မြို့အတွင်း နေထိုင်စားသောက်ရေး အတွက် မိရိုးဖလာသမားရိုးကျဖြင့် ကျေနပ်နေ၍ မရဘဲ  နည်းပညာအထောက်အကူရယူ   ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝပြည့်စုံကာ  လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုပါ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် ဘက်ပေါင်းစုံမှစဉ်းစား၍ ရန်ကုန်တိုင်း ဒေသကြီးတိုးတက်ရေး အလေးထားစီမံဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး က တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက   ဥပဒေနှင့်အညီ  ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ပြည်သူလူထု၏ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်းများကို နေ့ည မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေ၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုရှိစေရေး ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းမလိုက်နာသူများ အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ တိုင်းဒေသကြီးအတွင်း ဝမ်းစာဖူလုံရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်၍ သီးနှံများအထွက်တိုးရေး ဆောင်ရွက် နေမှုအခြေအနေနှင့်  အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။            

 

 


ယင်းနောက် မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန် မြို့တော်အတွင်း ရေကြီးရေလျှံမှုများကို ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊     အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအပြင် ပြည်သူလူထု ပူးပေါင်းပါဝင် လာစေရေးနှင့် အမှိုက်သိမ်းမှု၊ သယ်ယူပို့ဆောင်မှု၊ စွန့်ပစ်မှုများ စနစ်ကျနမှုရှိစေရေး လုပ်ဆောင်လျက် ရှိသည့် အခြေအနေ၊  ယာဉ်ကြောပိတ်ဆို့မှု၊ လမ်း ပိတ်ဆို့မှုများကို အဓိကဖြစ်ပေါ်စေသည့် စည်းကမ်းမဲ့ ဈေးရောင်းချမှုများမရှိစေရေး၊     ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊  မြို့တော်ရေပေးဝေမှု  သန့်ရှင်းမှုရှိစေရေးနှင့်ပတ်သက်၍  အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ ရေပေးဝေမှုတွင် ရေသန့်စင်သည့်စနစ်များ ကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို    ရှင်းလင်းတင်ပြသည်။  ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့်  တာဝန်ရှိသူများက ဒေသခံပြည်သူလူထု၏  သက်သာချောင်ချိရေး၊ စားရေးတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်နေသည့် အခြေအနေ၊ တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေး၊ မှုခင်းဖြစ်စဉ်များ လျော့နည်း ကျဆင်းရေး၊ သတင်းအချက်အလက်များ  မှန်ကန် မြန်ဆန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အခြေ အနေ၊ အသက်အရွယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန်လိုအပ်သူများအား    မှတ်ပုံတင် ကတ်ပြားများ သတ်မှတ်ကာလအတွင်း  ရရှိနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး များက   လိုအပ်သည်များ    ဖြည့်စွက်ဆွေးနွေးကြ သည်။ 


နိဂုံးချုပ်အမှာစကားပြောကြား


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်  မိမိတို့အနေဖြင့်            ပြည်သူ့လုံခြုံရေးဆောင်ရွက်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန်  လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက်တာဝန်ယူရသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း မရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် လိုပြီး သတိဖြင့် တာဝန်ထမ်းဆောင်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ     ဖြစ်ပွားမှုနှုန်းလျှော့ချမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့သည်   လူနေမှုသိပ်သည်းသည့် နေရာဖြစ်သော်လည်း  ပြည်သူ၏ပူးပေါင်းပါဝင်မှု ကြောင့် ကူးစက်မှုနှုန်းကျဆင်းလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း   အနည်းဆုံးဖြစ်သည့် မြို့အဖြစ်ဆောင်ရွက်၍   စံနမူနာအဖြစ်   ဆောင်ရွက် စေချင်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့်လည်း ရန်ကုန်မြို့အတွင်း   ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံနိုင်ရေး    ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေသုံးစွဲရာတွင်လည်း စနစ်တကျဖြင့် အလေအလွင့် မရှိအောင် ချွေတာသုံးစွဲ၍  အကျိုးရှိအောင် အသုံးချ ကြရန်လိုကြောင်း၊ မိမိတို့နှင့် အခြေခံသဘောသဘာဝ တူညီပြီး အောင်မြင်ဖွံ့ဖြိုးတိုးတက်နေသည့်   နိုင်ငံ များ၏လုပ်ဆောင်မှုကို     အတုယူ၍    နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့ကွက်စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း  ၄ ထပ်မှ ၅ ထပ်ခန့်ရှိ သင့်လျော်သော   အထပ်မြင့်အဆောက်အအုံများ ဆောင်ရွက်နိုင်ခြင်းဖြင့်  လျှပ်စစ်၊ လမ်း  စသော အခြေခံအဆောက်အအုံများအတွက် ကုန်ကျစရိတ် သက်သာစွာ မြေပြဿနာများကို  ဖြေရှင်းနိုင်မည်ဖြစ် ကြောင်း၊  အလားတူ  မီးအန္တရာယ်နှင့်  ရာဇဝတ်မှု အန္တရာယ်များမရှိစေရေးအတွက်လည်း      ဂရုပြု ဆောင်ရွက်ရန်  လိုကြောင်း၊    ပြစ်မှုကျူးလွန်မှုများ မဖြစ်ပေါ်စေရေးအတွက်  သွားလာမှုလွယ်ကူရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် ရဲစခန်းများနှင့် မီးသတ်စခန်းများ တည်ဆောက်ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် လည်း အားကစားကွင်းများနှင့် အားကစားရုံများကို နိုင်ငံတကာ အဆင့်မီတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း၊  စိုက်ပျိုးမွေးမြူရေးဇုန်များတွင်  လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့်    မြေဧရိယာ အနည်းငယ်ဖြင့် ထိထိရောက်ရောက် အကျိုးရှိရှိဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း။


ထိရောက်စွာအရေးယူဆောင်ရွက်


ကဏ္ဍစုံတွင် ပြည်သူများပါသည့်    အုပ်ချုပ်မှု စနစ်ဖြစ်ရန်လိုကြောင်း၊     လုံခြုံရေးနှင့်ပတ်သက်၍ ထိခိုက်အောင်ဆောင်ရွက်သူများကိုလည်း ဥပဒေ နှင့်အညီ    ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုသဖြင့်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောသားရင်သားမခွဲခြားဘဲ  ဆောင်ရွက် ကြရန်လိုကြောင်း၊ အစိုးရသည် ပြည်သူများအတွက် One Stop Service ပင်ဖြစ်သဖြင့်  ပြည်သူများနှင့် ပတ်သက်သည့်လုပ်ငန်းများအား  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲ တွင်   ပြီးပြည့်စုံသည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။


ခိုင်မာတောင့်တင်းနေရန်လို


ရန်ကုန်မြို့သည်  နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်သည့်  နိုင်ငံ၏  အဓိကဝင်ပေါက်နေရာ ဖြစ်သဖြင့် လူဝင်မှုဆိုင်ရာကိစ္စရပ်များအား စနစ်တကျ ဖြင့်   ဆောင်ရွက်ကြရန်လိုကြောင်း၊    ထို့ကြောင့်            စစ်ဆေးမှုနှင့်မှတ်တမ်းတင်မှုများကို စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊  အလားတူ နိုင်ငံတကာ စီးပွားရေးဆိုင်ရာကိစ္စရပ်များ  ဆောင်ရွက်ရာတွင် လည်း  စနစ်တကျဖြင့်  ကြပ်မတ်ဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်မှုများအား  ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်လိုကြောင်း၊   မိမိတို့အနေ ဖြင့်  အစိုးရနှင့်ပြည်သူ   ချိတ်ဆက်မှုယန္တရားများ       အားလုံး    ခိုင်မာတောင့်တင်းနေရန်လိုကြောင်း၊ အလားတူ ကျေးလက်နေပြည်သူများအတွက်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရန်လိုပြီး ပြည်သူများတိုက်ရိုက် ပါဝင်သည့် ကျေးလက်စီးပွားရေးစနစ်ကို ဖော်ဆောင် ပေးရန်လိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျေးလက်နေပြည်သူများ၏ လိုအပ် ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းပေးပြီး လူနေမှု ဘဝများမြင့်မားအောင်ဆောင်ရွက်ပေးရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍      ကျေးလက် ကုန်ထုတ်လုပ်မှုသည်   အဓိက အရေးကြီးသဖြင့်             စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားများ  မပြတ်တောက်စေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရေးနှင့် Waste Energy ထုတ်လုပ်ခြင်းလုပ်ငန်းများကို    တစ်ပိုင်တစ်နိုင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။


  သတင်းစဉ်