တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

 

ရန်ကုန်   အောက်တိုဘာ   ၁၀


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm   များကို  သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   မင်းဓမ္မလမ်းရှိ    ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှ ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင် သော Sinopharm ဆေးများအား  မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၂၀၀၀၊ လွိုင်ကော်မြို့သို့ကာကွယ်ဆေးအလုံးပေါင်း ၃၆၀၀၊ ဆေးထိုးအပ် ၃၀၀၀၀၊ ကလေးမြို့သို့   ကာကွယ်ဆေးအလုံးပေါင်း ၇၀၀၀၊ ထားဝယ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၀၀၀၀၊ ဆေးထိုး အပ်  ၁၀၀၀၀၀၊ ကော့သောင်းမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၅၆၂၈ လုံး၊ မြိတ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း  ၁၀၀၈၀၊ စစ်တွေမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၇၂၀၀၊ သံတွဲမြို့သို့ ကာကွယ်ဆေးအလုံး ပေါင်း ၁၈၀၀၀၊ လားရှိုးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၄၁၅၀ နှင့် ကျိုင်းတုံမြို့သို့ ဆေးထိုးအပ်  ၅၀၀၀၀တို့ကို   တပ်မတော်လေယာဉ်များဖြင့်   လည်းကောင်း၊   ပဲခူးမြို့သို့     ကာကွယ်ဆေးအလုံးပေါင်း ၃၀၀၀၀နှင့် ဆေးထိုးအပ် ၁၀၀၀၀၀၊ ပြည်မြို့သို့ ကာကွယ်ဆေးအလုံး ပေါင်း ၃၆၀၀၀ နှင့် ဆေးထိုးအပ်  ၁၀၀၀၀၀တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်းကောင်း   ဆက်လက် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

 


 ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ  ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။

အလားတူ  ဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များ၊  မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်