အသိပေးနှိုးဆော်ချက်

 

နိုင်ငံတော်၏       အရေးပေါ်ကာလအတွင်း      နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို     မလိုလားသော    နိုင်ငံရေးအစွန်းရောက်များ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များ သည်  တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် နေ့စဉ်ဖောက်ခွဲ ဖျက်ဆီးမှုများနှင့်    အကြမ်းဖက်မှုများကို   ကျူးလွန်လျက်ရှိပါသည်။ 


မကြာမီကာလတွင်            သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလများသို့    ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလများကိုအကြောင်းပြု၍ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အကြမ်းဖက်သမားများအနေဖြင့် ယင်းတို့ကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်လာနိုင်ပါသည်။ 


သို့ဖြစ်၍  မီးရှူးမီးပန်း၊  ဗြောက်အိုး၊  ရှူးဒိုင်းများကို  ထုတ်လုပ် ခြင်း၊    သယ်ဆောင်ဖြန့်ဖြူးခြင်း၊   သိုလှောင်ခြင်း၊    ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ    မပြုလုပ်ကြရန်နှင့်    လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့