
မြစ်ကြီးနား အောက်တိုဘာ ၁၀
ကချင်ပြည်နယ် တရားလွှတ်တော်ရုံး ဆောက်လုပ်ရန် မြေနေရာရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၉ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်-၄ ယောရင်းကွင်းမှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနပိုင်မြေ ၆၀ ဒသမ ၉၂၀ ဧကနှင့် အေးမြ သာယာရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ဘောလုံးကွင်းဘေးရှိ မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည့် မြေနေရာအကျယ်အဝန်း ရရှိနိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်တင်ပြရန် တာဝန်ရှိသူများအား မှာကြားသည်။
ပြည်နယ်(ပြန်/ဆက်)