
ပဲခူး အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက မင်းလှမြို့ ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း တည်ဆောက်ထားသည့် Oxygen Plant လည်ပတ်နေမှုနှင့် ဆေးရုံဝန်း ပတ်လမ်းကို လည်းကောင်း၊ မင်းလှမြို့အဝင် နှစ်မိုင် ငါးဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကို လည်းကောင်း၊ မင်းလှမြို့ အားကစားရုံတည်ဆောက် နေမှုကို လည်းကောင်း၊ တာကလေးကျေးရွာ ကွင်းအမှတ် (၉၈၂) ၌ ဆင်းသုခ ၁၁ ဧက နွေစပါး ရိတ်သိမ်းခြွေလှေ့နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒေသတွင်း ဆီဖူလုံမှုရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူ ထားသော နေကြာမျိုးစေ့များကို တောင်သူများထံ ဖြန့်ဝေပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် လက်ပံတန်းမြို့နယ် သဲကော ရေလှောင်တမံကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား နွေစပါး စိုက်ပျိုးရေ အပြည့်အဝရရှိစေရေးနှင့် တမံပတ်ဝန်း ကျင် ဂေဟစနစ် ပျက်စီးမှုမရှိစေရေး အလေးအနက် ထား ဆောင်ရွက်သွားရန်မှာကြားပြီး လက်ပံတန်းမြို့ ဝေယံမိုးမြင့် အဆင့်မြင့်ဆန်စက်မှ မိုးစပါးကြိတ်ခွဲ နေမှုနှင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ပေးမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လက်ပံတန်းမြို့ နည်းပညာဖြန့်ဖြူးရေး ဌာနခွဲ၌ ဒေသခံတောင်သူများ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီ အစဉ်ဖြင့် နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့ပြီး သာယာဝတီမြို့ အခြေခံပညာအထက်တန်းကျောင်း ၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်းတို့ကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် သာယာဝတီမြို့ ဆရာစံခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ပရဟိတ လူမှုကူညီရေးအသင်းများအား သွားရောက်တွေ့ဆုံ ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေ ကျပ် ၃၅ သိန်း၊ ဂုဏ်ပြုမှတ်တမ်းများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး စာတမ်းပါ တီရှပ်အင်္ကျီများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်