
နေပြည်တော် အောက်တိုဘာ ၁၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ရက်က နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ နှစ်ခုတို့မှ Disposable Face Mask ၇၅၀၀ Kg ၊ Liquid Oxygen ၁၅၃၂၃ m3 တို့အား ထုတ် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်