စျေးကွက်ခိုင်မာမှုရှိသည့် ကော်ဖီသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်

 

ရန်ကုန်   အောက်တိုဘာ  ၁၀


ဈေးကွက်ခိုင်မာမှုရှိသည့်    ကော်ဖီသီးနှံကို တောင်သူများအနေဖြင့်    တိုးချဲ့စိုက်ပျိုးသင့် ကြောင်း    စိုက်ပျိုးရေး   ကျွမ်းကျင်သူများက ပြောသည်။
“တောင်သူတွေအနေနဲ့     နောက်ပိုင်း    ထည့်သွင်းစဉ်းစားသင့်တဲ့    သီးနှံအမျိုးအစား ထဲမှာ   ကော်ဖီသီးနှံလည်း   ပါဝင်ပါတယ်။ အခုကာလမှာ    တောင်သူတွေ    အရှုံးပေါ်ကြ တာက  စိုက်ပျိုးရေးပိုင်းမှာထက် ဈေးကွက်မှာ   ရှုံးနေတာပါ။ တောင်သူအများစုက  ဘာလို့ ဈေးကွက်အရှုံးပေါ်နေလဲဆိုရင်  ဈေးကွက် တောင့်တင်း ခိုင်မာမှုမရှိတဲ့    သီးနှံတွေနဲ့      သိုလှောင်သိမ်းဆည်းထားလို့မရတဲ့  သီးနှံတွေ ကို   စိုက်ပျိုးမိလို့ပါ” ဟု ကော်ဖီစိုက်ပျိုးရေး    အထူးပြု     ပညာရှင်    ဦးစောရန်နိုင်စိုးက ပြောသည်။


စိုက်ပျိုးသီးနှံအများစုမှာ      တာရှည် သိုလှောင်၍     မရသည့်အတွက်   ဈေးကွက် မကောင်းချိန်ဖြစ်သော်လည်း  ရရာဈေးနှုန်း များဖြင့် ရောင်းချရသည်။
“ကော်ဖီသီးနှံကတော့      တကယ်တမ်း        စနစ်တကျ သိုလှောင်ထားမယ်ဆိုရင် သုံးနှစ်၊ ငါးနှစ်အထိ   ပြဿနာမရှိဘူး။   အဲဒီအတွက် ကြောင့်    တောင်သူနဲ့   ကုန်သည်ပွဲစားတွေ ကြားမှာ  တောင်သူတွေဆီမှာ  အားသာတာ ဖြစ်ပါတယ်”ဟု  ၎င်းက ဆက်လက်ပြောသည်။  


မြန်မာနိုင်ငံမှ   ကော်ဖီကို  ပြည်ပပို့ကုန်    ဈေးကွက်အနေဖြင့်  အမေရိကန်၊  အင်္ဂလန်၊ ဆွစ်ဇာလန် စသည့်  နိုင်ငံကြီးများသို့  နှစ်စဉ် တင်ပို့ရောင်းချနေသည့်အပြင်  ယခုနှစ်တွင် အိမ်နီးချင်း      ထိုင်း နိုင်ငံရှိ       ကော်ဖီစိုက်ခင်းများ  အထွက်နှုန်း      ကျဆင်းခြင်း၊     တရုတ်နိုင်ငံ      (ယူနန်ပြည်နယ်     အနီးတစ်ဝိုက်ရှိ)    ကော်ဖီ စိုက်ခင်းများ မိုးများ၍    ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့် မြန်မာ့ကော်ဖီမှာ ဈေးကွက်လိုလားမှု   ပိုမိုမြင့်မားကြောင်း သိရသည်။

နန်းထက်ထက်ချစ်