
နေပြည်တော် အောက်တိုဘာ ၅
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ဖတ်ကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေထံမှ ၂၀၂၁ ခုနှစ် ကမ္ဘာ့ ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့ သည့် ဂုဏ်ပြုအမှာစကားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဖတ်ကြားရာတွင် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ တစ်ဝန်းလုံးတွင် ဆရာများကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုသည့် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်အရေးကြီးဆုံး၊ တာဝန် အကြီးမားဆုံး နှင့် အသိမ်မွေ့ဆုံးသောလုပ်ငန်းများကို ဆောင်ရွက် ပေးနေကြရသူများသည် ကမ္ဘာ့ဆရာများပင်ဖြစ်ပါ ကြောင်း၊ ကမ္ဘာတစ်ဝန်းငြိမ်းချမ်းသာယာစေရန် ကမ္ဘာသူကမ္ဘာသားကောင်းများကို မွေးထုတ်ပေးနေ ကြသူများသည်လည်း ကမ္ဘာ့ဆရာများပင်ဖြစ်ပါ ကြောင်း။
နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု သည် ပညာရေးဖွံ့ဖြိုးမှုအပေါ်တွင် များစွာတည်မီ နေပါကြောင်း၊ ခေတ်အဆက်ဆက် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာဆန်းစစ်ကြည့်မည် ဆိုပါက အဆိုပါနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပညာ ရေးဖွံ့ဖြိုးတိုးတက်မှုက အဆုံးအဖြတ်ပေးခဲ့သည် ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားသည့် တိုင်းပြည်သည် နိုင်ငံ ကြီးခြင်း ငယ်ခြင်း၊ သယံဇာတကြွယ်ဝခြင်း မကြွယ်ဝ ခြင်းထက် အဆိုပါနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးအပေါ် မူတည်ပြီး ဖွံ့ဖြိုးကြသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ အပြန်အလှန်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများသည် အရည်အသွေး မြင့်မားသည့် ပညာရေးကို ပိုမိုဖြည့်ဆည်းပေးနိုင်ခဲ့ ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အရေး ပါသည့် ပညာရေးကဏ္ဍကို အဓိကမောင်းနှင်ပေးနေ သည့် အင်အားစုမှာ ပညာရေးတာဝန်ကို ထမ်းဆောင် နေကြသည့် ဆရာများပင်ဖြစ်ပါကြောင်း။
ဆရာများသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရုံသာမက ကမ္ဘာ တစ်ဝန်းတွင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ ကပ်ဘေးဒုက္ခများ၊ အခက်အခဲအကျပ်အတည်းများနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါတွင်လည်း အသိ ပညာဖြန့်ဝေပူးပေါင်းဆောင်ရွက်ပြီး ဘေးဒုက္ခ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ဦးဆောင် ဦးရွက်ပြုကြသူများဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် အခက်အခဲအကျပ်အတည်းများနှင့် ကပ် ရောဂါဘေးအလွန်ကာလတွင် ပြန်လည်တည် ဆောက်ကြရမည့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးကြမည့်သူများ ဖြစ်ပါကြောင်း။
နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်တည်ဆောက် ကြမည့်ဆရာများသည် အရည်အသွေးပြည့်ဝပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာနေရန်လိုသလို တစ်ဖက် ကလည်း ဆရာများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်ဘဝ သာယာလှပနေရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာများ အရည်အသွေးမြင့်မားတိုးတက်ရေးအစီအစဉ်၊ ဆရာ ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးအစီအစဉ် စသည် များကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဆရာများလိုအပ်ချက်ကို အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာများကလည်း ကိုဗစ်-၁၉ အလွန် ကာလ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ တွင် အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ဖတ်ကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာ ကြည်ရွှင်က ဖတ်ကြားသည်။
ယင်းနောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများနှင့် ထူးချွန်ဆရာများ၏ဆောင်ရွက်မှုမှတ်တမ်းအကျဉ်းချုပ်ကို ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ဖတ်ကြားတင်ပြသည်။
ယနေ့ကျင်းပသည့် အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၊ ထူးချွန်ဆရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ် ဆရာကြီး၊ ဆရာမကြီး လေးဦးနှင့် ထူးချွန်ဆုရ ဆရာ နှစ်ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်