ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးများ  ကျိုင်းတုံမြို့သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

 

 

နေပြည်တော်   အောက်တိုဘာ    ၅


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင်  အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး   Sinopharm  များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။                                                                                                            
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်    မင်းဓမ္မလမ်းရှိ   ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကာကွယ်ဆေးသိုလှောင်ခန်းမှ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး တစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinaphorm  ဆေးအလုံးပေါင်း ၁၆၀၀၀ ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ    တပ်မတော်(လေ)၏   ပို့ဆောင်ရေးလေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ   တာဝန်ရှိသူများက   လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။                                                                  သတင်းစဉ်