ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှလွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

 

နေပြည်တော်  အောက်တိုဘာ  ၄


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊     ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  အဆင်ပြေ ချောမွေ့စွာတင်သွင်း နိုင်ရေးအတွက်     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် အခြားဆက်စပ်ဌာန များနှင့် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ   ဆိပ်ကမ်း၊  ချင်းရွှေ ဟော်၊    မြဝတီနှင့်    တာချီလိတ် ကုန်သွယ်ရေးစခန်း    သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ လေးခုမှ ယာဉ်စီးရေ ကိုးစီးဖြင့် အောက်ဆီ ဂျင်   (အရည်)  Bowser   ယာဉ် တစ်စီး၊    (၁၉ ဒသမ ၇၈)  တန် Oxygen      (အရည်)      အိုးဖြင့်  (၀ ဒသမ ၃၄) တန်၊ Oxygen အိုးခွံ ၄၇၁ခု၊   Oxygen  Plant   နှစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxy-gen Concentrator) ၂၈၅ခု နှင့် နှာခေါင်းစည်း (Mask) ၄၉ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး၊    Oxygen Plant    နှစ်ခုမှာ    ရန်ကုန်မြို့နှင့် ဟုမ္မလင်းမြို့သို့    ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပစ္စည်း များကို ပြည်ပမှ တင်သွင်းရာတွင်  နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် စီးပွားရေးနှင့် ကူးသန်း  ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့်   သက်ဆိုင်ရာ  ဌာနများနှင့် ညှိနှိုင်းထားသည့်  SOP  များနှင့် အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်သက်ဆိုင်သည့်  အသိပေး ကြေညာချက်     များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် comm-erce.gov.mm  တွင်  ဝင်ရောက် ကြည့်ရှုနိုင်ရေး      စီစဉ်ဆောင် ရွက်ပေးထားကြောင်း          သိရှိ ရသည်။ 
သတင်းစဉ်