ကိုယ်တိုင်ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေနဲ့အတူ မှတ်သားနာယူဖူးတဲ့ အကြောင်းအရာတွေနဲ့တွဲပြီး တပည့်တွေအတွက် အမှားအမှန်၊ အဆိုးအကောင်း ဆင်ခြင်ဆုံးဖြတ်ဝေခွဲတတ်ဖို့ လမ်းညွှန်မှာကြားဆုံးမပါတယ် ဆရာကြီး ဦးစိုးမြင့် (ခ) ဦးစိုးမြင့်ဝေ

 

 

လဲ့လဲ့ဝင်းမောင်၊ အောင်ဝင်းငြိမ်း
 

နိုင်ငံ၏ အနာဂတ်မှာ ကျရာတာဝန်ထမ်းဆောင်ပြီး ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများပေါ်ထွက်လာစေရန်  ကျောင်းသား ကျောင်းသူလေးများကို အတတ်လည်းသင် ပဲ့ပြင်ဆုံးမပေးသည့်  နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာတစ်ဦး၏ ဆရာ့ဘဝအတွေ့အကြုံများကို ဘဝနှင့်ရင်း၍ ဖြတ်သန်းခဲ့ရသည့် ဆရာကြီး ဦးစိုးမြင့် (ခ) ဦးစိုးမြင့်ဝေ အား တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။

ဆရာကြီး ဦးစိုးမြင့် (ခ) ဦးစိုးမြင့်ဝေ 
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ 
အမှတ်(၃) ရပ်ကွက်  
မေး    ။    ဆရာကြီး ပင်စင်ယူတာ ဘယ်နှခုနှစ်က 
        ဘာလဲရှင်။ အခုပင်စင်ယူတာ ဘယ်နှနှစ်  ရှိသွားပါပြီလဲရှင့်။ 
ဖြေ    ။    ၂၀၁၅  ခုနှစ်  စက်တင်ဘာလက အသက်
        (၆၀)    ပြည့်    ပင်စင်ယူခဲ့ပါတယ်။   အခု ခြောက်နှစ် ကျော်ရှိသွားပါပြီ။ 
မေး    ။    ဆရာကြီး   ပင်စင်မယူခင်  ဘယ်ကျောင်း 
        တွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါသလဲရှင်။
ဖြေ    ။        မူလတန်းပြဆရာ  ဘဝကစပြီး    အလယ် 
        တန်းပြ၊  အထက်တန်းပြ  ရာထူးများမှာ  ကန့်ဘလူမြို့နယ်ထဲက အမက(လိတ္ထူ)၊ အမက (၅) ၊ အမက (မင်းကုန်း -ဂ)၊  အထက(၁) ကန့်ဘလူ တို့မှာ  ၃၃  နှစ်လောက်  တာဝန်ထမ်းဆောင်ခဲ့ပြီး  အလယ်တန်း ကျောင်းအုပ်ကြီးအဖြစ်နဲ့ သဖန်းဆိပ် ဆည်ကမ်းပါးက    အထက(ခွဲ)    လွှတ်တိုက်ရွာ၊  ကျွန်းလှမြို့နယ်မှာ      သုံးနှစ်ကျော်    တာဝန် ထမ်းဆောင်ခဲ့ပြီး အဲဒီကနေ သက်ပြည့်အငြိမ်းစား ယူခဲ့ပါတယ်။
မေး    ။    ဆရာ့ကျင့်ဝတ်တွေနဲ့    ပတ်သက်ပြီးလည်း
        ရှင်းပြပေးပါဦးရှင်။
ဖြေ    ။        ဆရာ့    ကျင့်ဝတ်ဆိုတာနဲ့    ပတ်သက်လို့   
        ပြောရရင်   ပြည်သူ့နီတိမှာ   ဆိုရိုးရှိထားတဲ့   ကျင့်ဝတ် ငါးဖြာဆိုတာ အတော်ခြုံငုံပြည့်စုံပါတယ်။ “အတတ်လည်းသင်၊    ပဲ့ပြင်ဆုံးမ၊     သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊  သင့်ရာအပ်ဖို့  ဆရာတို့၊  ကျင့်ဖို့ ဝတ်ငါးဖြာ” ဆိုတာပေါ့။ အဲဒီထဲမှာ အတတ်သင် တာတို့၊   သိပ္ပမချန်တို့ဆိုတာက   ဘယ်ဆရာမဆို ဆောင်ရွက်နေကြမြဲ  ပုံမှန်အလုပ်ပါလို့  ပြောလို့ ရတယ်။ ပဲ့ပြင်ဆုံးမတို့၊  ဘေးရန်ဆီးကာဖို့၊ သင့်ရာ အပ်ဖို့  တို့ဆိုတာကျတော့   ဆရာ  ဆရာမတို့ရဲ့ ကိုယ်တိုင်  အတွေ့အကြုံ၊  ခံယူချက်၊ လုပ်သက်၊ သဘာရင့်ဖို့ စတာတွေ လိုသေးတယ်လို့ထင်တယ်။     ဆရာကိုယ်တိုင်က ဘက်စုံထောင့်စုံ အရည်အချင်း ပြည့်ဝနေဖို့က ဘဝအတွေ့အကြုံ အသက်အရွယ် တွေကလည်း  လိုအပ်သလို အမြဲတမ်း  လေ့လာနေ ဖို့လည်းလိုပါတယ်။  တပည့်တွေကို သွန်သင်ဆုံးမ လမ်းညွှန်မယ့်  ဆရာတွေက ပိုပြီးအရည်အချင်း ပြည့်ဝနေဖို့ လိုတယ်လို့  ဆိုလိုတာပါ။
မေး    ။    တပည့်ကျင့်ဝတ်နဲ့    ပတ်သက်ပြီးလည်း
        ရှင်းပြပေးစေချင်ပါတယ်ရှင် ။ 
ဖြေ    ။    တပည့်ကျင့်ဝတ်နဲ့ပတ်သက်လို့လည်း နီတိ 
        တွေထဲကအတိုင်း   “ ညီညာထကြွ ၊ ဆုံးမ  နာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေး အံရွတ်  တပည့်ဝတ်” တဲ့။  အကုန်ပြည့်စုံသလောက် ပါပဲ။  တပည့်တွေအနေနဲ့လည်း   ဒီလိုကျင့်ဝတ် လေးတွေ  လိုက်နာနိုင်အောင် ဆရာကပဲ  ဦးဆောင် လမ်းပြလုပ်ပြီး   လေ့ကျင့်ပေးရမှာပါ။   ဒီနေရာ မှာတော့   မူလတန်းအောက်ဆင့်   အရွယ်ကစပြီး နူးညံ့သိမ်မွေ့တဲ့ အချိန်၊ ပျော့ပျောင်း ညင်သာတဲ့  စိတ်ခံစားမှု  ရှိနေတဲ့အရွယ်မှာ စနစ်တကျသင်ကြား မှုပေးလိုက်ရင်  ဘဝတစ်လျှောက်လုံး အလေ့အကျင့် ကောင်းလေးတွေဟာ စွဲမြဲသွားပါတယ်။ တစ်ဆင့်ပြီး  တစ်ဆင့် တန်းစဉ်တတ်သွားတဲ့အခါ ငယ်ငယ်က  ပါလာတဲ့  စရိုက်ကောင်းကောင်း၊  အလေ့အကျင့် ကောင်းကောင်းတွေဟာ မပျက်သွားတတ်ပါဘူး။   မှားယွင်းတဲ့    အလေ့အကျင့်   အမူအရာတွေဟာ  စွဲမြဲလာခဲ့ရင်   အတန်းကြီးလာရင်၊   အသက်ကြီး လာရင်၊   သာမန်အားဖြင့်     ပြုပြင်ရခက်တတ်ပါ တယ်။ ဒါ့ကြောင့် အသက်အရွယ်အရရော၊ အတန်း အဆင့်အရရော၊ ပတ်ဝန်းကျင် အနေအထားတွေ၊ ဘဝနေထိုင် ကျင်လည်ရမှု အနေအထားတွေအရ ပြောင်းလဲလာတဲ့  စိတ်ခံစားမှုတွေ  များပြားလာရင်  တပည့်တစ်ယောက်မှာ    ရှိရမယ့်   ကျင့်ဝတ်တွေ ဟာလည်း ငယ်စဉ်ကတည်းက ပါမလာခဲ့ဘူးဆိုရင် အဲ့ဒီကလေးတွေရဲ့   ရှေ့ဘဝခရီးဟာ   မချောမွေ့   နိုင်တော့ပါဘူး။    ဒါကြောင့်     ဆရာတွေအနေနဲ့ တပည့်ကျင့်ဝတ်ကိုလည်း  လိုအပ်သလို  ပြောဆို မှာကြားပြီး လိုက်နာနိုင်အောင် သတိပေးဆုံးမဖို့ လိုအပ်ပါတယ်လို့     ဆရာကြီးအနေနဲ့   ပြောချင် ပါတယ်။
မေး    ။    ဆရာကြီးတို့      တာဝန်   ထမ်းဆောင်စဉ် 
        ကာလတုန်းက ဒီကျောင်းသား  လူငယ်တွေ                 လိမ္မာယဉ်ကျေးအောင် ဘယ်လိုသွန်သင်လမ်းညွှန် ဆုံးမမှု ပေးခဲ့ပါသလဲရှင်။
ဖြေ    ။    ကိုယ်တိုင်   ဆရာမဖြစ်ခင်    ကျောင်းသား  
        ဘဝကတည်းက စောစောကပြောတဲ့ ဆရာ့ ကျင့်ဝတ်၊    တပည့်ကျင့်ဝတ်ဆိုတာတွေက     စွဲနေ              တာ။ ဆရာကြီးတို့ငယ်ငယ် မူလတန်းကျောင်းသား ဘဝမှာတုန်းက   ပြည်သူ့နီတိဆိုတဲ့    ဘာသာရပ်က သင်ခဲ့ရတဲ့ ဘာသာတစ်ခုထဲမှာပါတယ်။ ဆရာတွေ ကလည်း   သင်သလို  ကျက်ရတဲ့  ကဗျာတွေစာတွေ မှာလည်း လိမ္မာယဉ်ကျေးဖို့၊ လူနဲ့ပတ်ဝန်းကျင်မှာ နေထိုင်တတ်ဖို့၊  ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး ကျင့်ဝတ်တွေက အကုန်လိုလိုပါတယ်။   ငယ်ငယ်က မသိတာတွေပါလည်း   ကျက်နေရတဲ့   ကဗျာတွေ စာတွေအရ ဆုံးမစကားတွေမှန်းလည်း သိတယ်။ ကိုယ်တိုင်ဆရာဖြစ်လာတော့   ဒါတွေက   တအား အသုံးဝင်သွားတယ်။ တပည့်တွေအတွက် လူမှုဘဝ နေထိုင်ဖို့  အပြောအဆို ကိုယ်အမူအရာ၊  နှုတ်အမူ အရာကအစ လိုက်နာရမယ့် ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ    ဘာသာတရားတွေ  အစရှိတဲ့    ဆုံးမသွန်သင်မှု၊    လမ်းညွှန်မှုတွေကို လိုအပ်သလို    ဆောင်ရွက်နိုင်ခဲ့တယ်။     အဓိက ကတော့   ကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့  ဘဝ              အတွေ့အကြုံတွေနဲ့အတူ    မှတ်သားနာယူဖူးတဲ့ အကြောင်းအရာတွေနဲ့တွဲပြီး တပည့်တွေအတွက် အမှားအမှန်၊ အဆိုးအကောင်းဆင်ခြင် ဆုံးဖြတ်ဝေခွဲ တတ်ဖို့    လမ်းညွှန်မှာကြားဆုံးမပါတယ်။   ယခု လည်းပဲ    သီးခြားပြဋ္ဌာန်းမထားပေမယ့်    ဆရာ ဆရာမတိုင်းလိုလို   အချိန်အခါမရွေး   တိုက်ဆိုင် ကြုံတွေ့ရတိုင်း လိမ္မာယဉ်ကျေးဖို့ ဆုံးမသွန်သင် ပေးလေ့ရှိပါတယ်။ တိုးတက်မြင့်မားနေတဲ့ ခေတ် ကာလ အနေအထားအရ ဆရာတွေရဲ့ ဆုံးမပဲ့ပြင်  လမ်းညွှန်မှု   အားနည်းသွားရင်  လမ်းမှားရောက် သွားနိုင်တာမျိုး၊ ဦးတည်ချက် ပျောက်သွားနိုင်တာ မျိုးတွေကို     လွယ်လွယ်လေး     ဖြစ်သွားနိုင်တယ်။              ဒါ့ကြောင့် ဆရာကြီးတို့ကတော့ လိမ္မာယဉ်ကျေးမှု ကစပြီး  ဘယ်လိုကိစ္စမျိုးမဆို  တပည့်တွေအတွက် လျစ်လျူရှု  မနေတတ်တဲ့စိတ်နဲ့ အမြဲလိုတွေ့တိုင်း ကြုံတိုင်း    မှာကြားလမ်းညွှန်တတ်တဲ့   အကျင့်က စွဲနေတော့တာပါပဲ။
မေး    ။    ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာ 
        ဆရာ   ဆရာမတွေရဲ့         အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲဆိုတာကိုလဲ ပြောပြ ပေးပါဦးရှင်။
ဖြေ    ။    ဆရာ ဆရာမအခန်းကဏ္ဍ ဘယ်လောက် 
        အရေးကြီးလဲဆိုတာ   ပြောရရင်   အရေး အကြီးဆုံး ကဏ္ဍပဲလို့ ပြောချင်တယ်။  အမိဝမ်းတွင်း က  မွေးကတည်းက သင်ခဲ့ရတာမို့  “လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ” လို့ဆိုတယ်မို့လား။ မိဘပြီးရင်တော့  ဒုတိယလက်ဦးဆရာက ဆရာ  ဆရာမပဲ။  စစ်ကြည့်လိုက်ရင် မိဘဆိုတာတောင်                 ဆရာလောက်  သတိမထားမိတာတွေ   အများကြီး။   မိဘပြီးရင်  အချိန်အများဆုံး  ထိတွေ့ ရတာ ဆရာ ဆရာမတွေပါပဲ။   ပညာသင်ဖို့   ခြေလှမ်းတောင် မစခင်ကတည်းက နေ့ကလေးထိန်းကျောင်း မူကြို မှာ စတွေ့ရတာ ဆရာ ဆရာမတွေပါပဲ။ အဲဒီကစပြီး                လူ့လောကအကြောင်း   စာပေအတတ်ပညာတွေ မပါဘဲ    နေထိုင်သွားလာတတ်အောင်၊    ပြောဆို စားသောက်တတ်အောင်၊    တစ်ကိုယ်ရေ     ကိစ္စ အားလုံး စနစ်တကျရှိအောင် လေ့ကျင့်ပေးလိုက် ကြတဲ့ လက်ဦးဆရာ ဆရာမတွေ သိပ်ကို အရေးကြီး ပါတယ်။ နောက်ဆက်ပြီး မူလတန်းအောက်ဆင့်၊ အထက်ဆင့်တွေ (က)  ကြီးကအစ (အ) ၊  ဝလုံး လေး ဝိုင်းဝိုင်းရေးဆိုပြီး စခဲ့ကြတဲ့ကန့်ကူလက်လှည့်  ဆရာ  ဆရာမတွေရဲ့ ကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။ အခြေခံပညာကို စတင်သင်ကြားရင်းနဲ့ ကိုယ်ကျင့်တရား၊    ယဉ်ကျေးမှု၊     ကျန်းမာရေး၊ လူမှုရေး၊ အားကစားအစရှိတဲ့ အကြောင်းအရာတွေ၊ သူငယ်တန်းကအစ အဆင့်အလိုက်၊ အသက်အရွယ် အလိုက် ဆုံးမသွန်သင်ရင်း တစ်ဦးချင်းစီရဲ့ အရည် အချင်း    ဗီဇနဲ့ကိုက်ညီတဲ့    ဘဝလမ်းကြောင်းကို ရွေးချယ်နိုင်ဖို့၊       တိုးတက်အောင်မြင်မှု      ရရှိဖို့ 
အဓိကအကျဆုံးဟာ     ဆရာ     ဆရာမတွေရဲ့  လမ်းညွှန်မှုပါပဲ။   နိစ္စဓူဝလိုလို   စာသင်ရင်းနဲ့  တပည့်တွေ    တစ်ဦးချင်းစီရဲ့   အရည်အချင်း၊ စိတ်အနေအထား အနီးကပ်ဆုံး  အသိနိုင်ဆုံးဖြစ်တဲ့ ဆရာ  ဆရာမတွေရဲ့ အခန်းကဏ္ဍဟာ အဓိကမို့ အရေးကြီးပါတယ်။ မိဘအများစုဟာ  မိဘဆိုတဲ့ အတိုင်း   သားသမီးကို ချစ်တဲ့စိတ်နဲ့    ကိုယ်ဖြစ်စေ ချင်တာ   မြင့်မားတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆုံးဖြတ် ကြတဲ့အခါ  သားသမီး ရဲ့ အစစ်အမှန်အရည်အချင်း ကို မေ့လျော့သွားတတ်ကြတယ်။  ဆရာ  ဆရာမ တွေက  နားလည်ပေမယ့်လည်း   မပြောသာတော့   တချို့ကလေးတွေဟာ     ဆန္ဒနဲ့ဘဝ  ထပ်တူမဖြစ် တော့တဲ့အခါ   ထူးချွန်သင့်သလောက်      မထူးချွန် ဘဲဖြစ်ခဲ့တာတွေ  ကြုံဖူးတယ်။ ဥပမာပြော ရင် ဆရာဝန်ဝါသနာပါတဲ့သူက  အင်ဂျင်နီယာ ဖြစ်ပြီး  အင်ဂျင်နီယာဖြစ်ရမယ့်သူက       ဆရာဝန်လိုင်း ရောက်သွားတော့   သူ့ဝါသနာ  ဗီဇမဟုတ်တော့  ထင်သလောက်  မထူးချွန်တော့ဘဲ     ဖြစ်သွား တတ်တယ်။  ဒါ့ကြောင့် ဘဝမှာ   ထူးချွန်ပြောင် မြောက်တဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ် ဖို့  အဆင့်ဆင့်  သင်ကြားပေးလိုက်ကြတဲ့ ဆရာ ဆရာမအားလုံးရဲ့    အခန်းကဏ္ဍဟာ    အလွန်ကို   အရေးကြီးပါတယ်ဆိုတာ   မှတ်ချက်ပြုပြောကြား ချင်ပါတယ်။
မေး    ။    ကမ္ဘာ့ဆရာများနေ့အမှတ်တရလေးများ
        ရှိလျှင် ပြန်လည်မျှဝေပေးပါဦးရှင်။
ဖြေ    ။    ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး အမှတ် 
        တရအနေနဲ့ကတော့ ဆရာတို့ပင်စင်ယူ ပြီးစ      ၂၀၁၆  ခုနှစ်လောက်ကလား မသိဘူး။   ကန့်ဘလူ အထက(၁)ခန်းမမှာ နိုင်ငံတော်အဆင့်  လမ်းညွှန်မှုနဲ့  ကမ္ဘာ့ဆရာများနေ့   အခမ်းအနား အဖြစ်   အာစရိယပူဇော်ပွဲကို   ကျင်းပတာ   ကြုံခဲ့ရ တယ်။  အသက် (၇၀) နှစ်အထက်   အငြိမ်းစား  ဆရာ   ဆရာမကြီးတွေကို  ကန်တော့တာလို့ ပြောပါတယ်။ အဲဒီပွဲကို  ဝိုင်းဝန်းလုပ်အားပေးရင်း ကြုံတွေ့ရတဲ့   မြင်ကွင်းလေးဟာ   တကယ့်ကို ကြည်နူးစရာပါပဲ။  ဆရာ  ဆရာမ  လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေ စုပေါင်းကုသိုလ်ပြုကြတာလို့လည်းသိရပါတယ်။   တစ်မြို့နယ်လုံး  သက်ကြီးဆရာ ဆရာမ  ၅၀ ကျော်လောက် တစ်ဦးကို သောင်းဂဏန်း    နည်း နည်းပဲ     ကန်တော့နိုင်ပါတယ်။ ဒါပေမယ့်အသက် (၇၀) ကျော်ကနေ (၉၀) ကျော်အထိ  ဆရာကြီး ဆရာမကြီးတွေ  ချည့်ချည့်နဲ့နဲ့ အိုမင်းမစွမ်း ဖြစ်နေပေမယ့်  ကမ္ဘာ့အဆင့်  ဆရာများနေ့ဆိုတဲ့  ကမ္ဘာနဲ့ချီတဲ့  ဆရာဆိုတဲ့ဂုဏ်ကို ချီးမြှင့်တာမို့  တက်ကြွရွှင်လန်း   ကြည်နူးပျော်ရွှင်နေကြတဲ့  မြင်ကွင်းကတော့  တကယ့်ကို   မေ့မရတဲ့  အမှတ် တရ  မြင်ကွင်းပါပဲဗျာ။
အခုလို    ပြည့်ပြည့်စုံစုံနဲ့      ဖြေကြားပေးတဲ့ အတွက် ဆရာကြီးကို ကျေးဇူးတင်ပါတယ်ရှင်။