ဒုဋ္ဌဝတီမြစ်ကမ်းဘေးတွင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်လျက် Valley  View  Point စီမံကိန်းဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော်  အောက်တိုဘာ  ၄


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့နှင့်အတူ အောက်တိုဘာ ၃ ရက်  နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင်အတွင်းရှိ  ရဲရွာရေအား လျှပ်စစ်စက်ရုံသွားရာလမ်း  ၆ မိုင်ခွဲတွင် တည်ရှိသည့် Mandalay Water Boom သို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်မှုနှင့်  Resort  တည်ဆောက်ထားရှိမှုများကို  ရှင်းလင်းတင်ပြ ကြသည်။ 
ရှင်းလင်း      တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက  အစည်း အဝေးများ ကျင်းပနိုင်ရေး Con-ference Room   နှင့်   Meeting Service    ဆောင်ရွက်ပေးစေလို မှုနှင့်      မြေဧရိယာကျယ်ဝန်း သဖြင့်  အခြားဝန်ဆောင်မှုလုပ်ငန်း များ    ဖြည့်တင်းပေးသင့်ကြောင်း   အကြံပြုပြောကြားသည်။
အဆိုပါ   Mandalay  Water Boom သည်  ၁၈ ဧက ကျယ်ဝန်း ပြီး  Resort နှင့်  Water Boom တွဲဖက်ဖွင့်လှစ်သည့်     လုပ်ငန်း ဖြစ်ပြီး     လာရောက်လည်ပတ် သည့် ခရီးသွားဧည့်သည်များနှင့် ရေကစားသူများ အပန်းဖြေ အနား ယူနိုင်ရန်အတွက်လည်း အခန်း ပေါင်း ၆၀ ပါရှိသည့် Resort ကို တည်ဆောက်ထားရှိကြောင်း သိရ သည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရဲရွာရေအားလျှပ်စစ်စက်ရုံသွားရာလမ်း ၁၃ မိုင်ရှိ      ဒုဋ္ဌဝတီမြစ်ကမ်းဘေး တွင်     ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ လည်ပတ် နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက် ရှိသည့်     Valley   View  Point စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး ဒုဋ္ဌဝတီမြစ်ကြောင်းတစ်လျှောက် စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ၁၃ မိုင်မှ ၃ မိုင်အတွင်းရှိ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင် သည့်နေရာများကို   ရေယာဉ်ဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်။    
    သတင်းစဉ်