မြို့နယ်အချို့၌ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၃ 


မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး     တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော           ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မိုးညှင်းမြို့နယ်      နန့်စီးအောင် ကျေးရွာ      ပူးပေါင်းစစ်ဆေးရေး စခန်းအနီးတွင်   FOTON အမျိုး အစား      ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေး        ရှာဖွေရာ မဇာခြည်ဝင်းထံမှ    ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုလည်းကောင်း။


မြဝတီမြို့   


အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    မြဝတီမြို့    သင်္ဃန်းညီနောင် ပူးပေါင်းစစ်ဆေးရေးစခန်းအနီး တွင်    စောမြညွန့် မောင်းနှင်ပြီး      စောအယ်ဖော လိုက်ပါလာသည့် HILUX VIGO အမျိုးအစားယာဉ်ကို    ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေးပြား   ၃၉၀၀၀  ကို လည်းကောင်း။


မိုင်းဆတ်မြို့နယ်


အောက်တိုဘာ ၂ ရက်  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်   မူးယစ် ဆေးဝါး        တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ     တပ်ဖွဲ့ဝင်များ    ပါဝင် သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ် မြို့နယ်   မဟုန်လွယ်ကျေးရွာ အနီး မိုင်းဆတ်-တာချီလိတ် သွား ကားလမ်းတွင် အားဒို(ခ)လော်ဖာ မောင်းနှင်လာသည့်  ဆိုင်ကယ်ကို   ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွ ရူးသွပ်ဆေးပြား   ၄၄၀၀၀   ကို လည်းကောင်း။


တာချီလိတ်မြို့နယ် 


အောက်တိုဘာ ၂ ရက် ညနေ  ၄  နာရီ  ၁၅ မိနစ်တွင်       မူးယစ် ဆေးဝါး    တားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော       ပူးပေါင်းအဖွဲ့သည်    တာချီလိတ် မြို့နယ်     ဝမ်ဆောက်ခုံကျေးရွာ အနီး   ဆွတ်ဆိုင်- မယ်ယန်း သွား    ကားလမ်းတွင်  လမ်းလျှောက်လာ သူ အားမူကို မသင်္ကာဖွယ် တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား   ၂၀၀၀   ကို  သိမ်းဆည်းရမိခဲ့ပြီး     စစ်ဆေး ပေါ်ပေါက်ချက်အရ ညနေ ၅ နာရီ ၅ မိနစ်တွင် တာချီလိတ်မြို့နယ်   ဝမ်ဆောက်ခုံကျေးရွာ        အနီး ဆန်းလင်းအောင် (ခ)ကိုငယ် ကို      စိတ်ကြွရူးသွပ်ဆေးပြား၆၄၀၀နှင့် အတူ  ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ အား  မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။    

 

ရဲပြန်ကြား