
နေပြည်တော် အောက်တိုဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်း တွင် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကလောမြို့နှင့် အောင်ပန်းမြို့ တို့ရှိ ဒေသခံမြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များအား ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် မိတ်ဆက်ပေးပြီး ဒေသခံ မြို့မိမြို့ဖများက တစ်ဦးချင်း ပြန်လည်မိတ်ဆက်ကြသည်။
r ရှေ့ဖုံးမှ
ယင်းနောက် ရပ်မိရပ်ဖများနှင့် စီးပွားရေး လုပ်ငန်းရှင်များက အောင်ပန်းမြို့နှင့် ကလောမြို့ အကြားတွင် ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက် ပေးရန်လိုအပ်မှု၊ ကလောမြို့အတွက် သောက်သုံးရေ လုံလောက်စွာရရှိရေး ရေအရင်းအမြစ်များ ရှာဖွေ ဆောင်ရွက်ပေးရန် လိုအပ်မှု၊ ဒေသအတွင်း ကျေးရွာ ချင်းဆက်လမ်းများ၊ မြို့တွင်းလမ်းများပြင်ဆင်ပေး ရန်နှင့် ဖောက်လုပ်ဆဲဖြစ်သည့် အောင်ပန်း-အင်းတိန် ဘုရားသွား ကားလမ်းအား ဆက်လက်ဆောင်ရွက် ပေးမည်ဆိုပါက ခရီးသွားလုပ်ငန်းနှင့် လူနေမှုစနစ် တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မှု၊ အောင်ပန်းမြို့တွင် လူဦးရေ ထူထပ်များပြားလာပြီး ပွဲရုံလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ များပြားလာသည့်အတွက် မြို့ကွက်များ စနစ်တကျ ဖြစ်အောင် စီမံဆောင်ရွက်ပေးရန် လိုအပ်မှု၊ နန်းတိုင်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးရန် အတွက် အဆင့်မြင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဓာတ်မြေဩဇာများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှု၊ ကလောမြို့ မှထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်း တိုးစေရန်နှင့် အရည်အသွေးပြည့်မီစွာ စိုက်ပျိုးနိုင် ရေး စိုက်ပျိုးရေးနည်းပညာနှင့်သက်ဆိုင်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုမှု၊ တိုင်းရင်းသားများ စာပေသင်ကြားရေးနှင့်ပတ်သက် ၍ ဆရာ ဆရာမများအား သင်တန်းများ ဖွင့်လှစ်ပေး ရန် လိုအပ်မှု၊ အချို့ကျေးရွာများတွင် လမ်းပန်း ဆက်သွယ်မှုနှင့် လျှပ်စစ်မီးရရှိရန် လိုအပ်နေမှု စသည့် အခြေအနေများနှင့် အခြားလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းများ ကောင်းမွန် မည်ဆိုပါက အထွက်နှုန်းတိုးတက်ကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများ တတ်ကျွမ်းစေရေးအတွက် စိုက်ပျိုးရေးနှင့် သက်ဆိုင် သည့်ကျောင်းများ ဖွင့်လှစ်ပေးထားကြောင်း၊ ပညာ တတ်ကျွမ်းစေရန်အတွက်လည်း ပညာများအား အမှန်တကယ်သင်ကြားကြရန်လိုပြီး လက်တွေ့ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချနိုင်ရမည်ဖြစ် ကြောင်း၊ အားငယ်သည့်စိတ်ဖြင့် ဆောင်ရွက်ခြင်း မရှိဘဲ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းရင်း သားစာပေသင်ကြားရေးအတွက် ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ ကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ် သည်များ ဆွေးနွေးခဲ့ကြသည်။
အပန်းဖြေမြို့တော်များဖြစ်စေရေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့တာဝန်ယူချိန် ကာလအတွင်း ကလောမြို့နယ်နှင့် အောင်ပန်းမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကလောမြို့သည် မြန်မာ နိုင်ငံ၏ တောင်ပေါ်အပန်းဖြေ မြို့တစ်မြို့ဖြစ်ပြီး ပူတာအို၊ ပြင်ဦးလွင်၊ ဟားခါး၊ သံတောင်ကြီး၊ ကလော စသည့်မြို့များကို တောင်ပေါ်အပန်းဖြေ မြို့တော်များဖြစ်စေရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ကလောမြို့အား အပန်းဖြေမြို့အဖြစ် ဆောင်ရွက်ရာ တွင် ပတ်ဝန်းကျင်သာယာလှပရေး ဒေသခံပြည်သူ များက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သို့ လာရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်း၊ ချယ်ရီ အစရှိသည့် မျက်စိပသာဒကို ဖြစ်စေနိုင်သည့် အပင်များဖြင့် အလှဆင်စိုက်ပျိုးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းများကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ် ကြောင်း၊ မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်သကဲ့သို့ မြို့နေပြည်သူများ အနေဖြင့်လည်း မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်များ အား သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ရန် လိုကြောင်း၊ သဘာဝအလှ၊ ဖန်တီးသည့်အလှများ၊ ဒေသခံတို့၏ ဖော်ရွေသည့် စိတ်သဘောထားများ ကြောင့် မြို့၏ဂုဏ်သတင်းမွှေးပျံ့လာပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်အပန်းဖြေသူများ များပြားလာ နိုင်ကာ ဝင်ငွေများရရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သဘာဝအလှ တရားများကို ဖန်တီးပေးရန်လိုပြီး ခရီးသွားများကို အမြင်၊ ရနံ့၊ ဒေသထွက် ထုတ်ကုန်များဖြင့် ဆွဲဆောင် နိုင်ရမည်ဖြစ်ကြောင်း၊ ကလောကိုအခြေပြု၍ မြင်းတိုက်နှင့် ဟဲဟိုးကြား ကျောက်မီးသွေးခေါင်း တွဲဖြင့် မီးရထားခရီးစဉ်၊ ပြင်ဦးလွင်ကိုအခြေပြု၍ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း။
အောင်ပန်းမြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ၏ စီးပွားရေးမြို့တစ်မြို့ဖြစ်ကြောင်း၊ ယခင်က မြို့ပြ တည်ဆောက်ရေးအား စနစ်တကျဆောင်ရွက် ခဲ့ခြင်း မရှိခဲ့သဖြင့် မြို့အကွက်ကျမှုစနစ်အားနည်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြို့ပြတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနေရာများအား စနစ်တကျ ဖြင့် ထည့်သွင်းတွက်ချက်တည်ဆောက်ရန် လိုပြီး တစ်ဖက်မှလည်း ရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီး ရရှိရေးတို့လည်း လိုအပ်မည်ဖြစ်ကာ သန့်ရှင်း သာယာလှပရေးအတွက် စည်ပင်သာယာများနှင့် ဒေသခံပြည်သူများ ပေါင်းစပ်ဆောင်ရွက်သွားရန် လိုကြောင်း။
r စာမျက်နှာ ၃ မှ
ဒေသနှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများအဓိကဆောင်ရွက်သည့် ဒေသတစ်ခုဖြစ်ပြီး အဓိက အားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအား အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့ သို့ စားသုံးသူများ၏ လက်ဝယ်သို့လည်း အမြန်ဆုံး ရောက်ရှိရန်လိုကြောင်း၊ အချို့သစ်သီးဝလံများကို တာရှည်ခံစေရန်အတွက် အခြောက်ခံခြင်း၊ ယိုထိုး ခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း စသည့် တန်ဖိုးမြင့် ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်ပျိုးရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍မရဘဲ ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ အထွက်နှုန်း ကောင်းပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ကြ စေလိုကြောင်း၊ ကြက်၊ ဝက်၊ နွားမွေးမြူရေးများ စနစ်တကျဆောင်ရွက်ပြီး ဥ၊ အသား ထုတ်လုပ်ရေး အပြင် ဇီဝဓာတ်မြေဩဇာရရှိရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက် အတတ်ပညာ၊ အသိပညာဖြင့် ပြည့်စုံသည့် ပညာရှင်များ လိုအပ် မည်ဖြစ်ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ပညာရေး အားနည်းမှုများရှိကြောင်း၊ ပညာရေးအားနည်းရ ခြင်းသည် ငွေကြေးအခက်အခဲရှိခြင်း၊ မိဘများ၏ လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရခြင်းများ ကြောင့်ဖြစ်ကြောင်း၊ အထက်တန်းပညာနှင့် အဆင့် မြင့်ပညာများ သင်ကြားရန် မဖြစ်မနေလိုအပ်ပြီး တက္ကသိုလ်ပညာ သင်ကြားရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဆင့်မြင့်အတန်းပညာ တတ်မြောက်သူအရေအတွက် သည် ရာခိုင်နှုန်းအရ အလွန်နည်းပါးနေကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာများ နည်းပါးပြီး စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လုပ်ငန်းခွင်အတွေ့အကြုံမှလွဲ၍ အဆင့်မြင့် နည်းပညာများ တတ်ကျွမ်းမှုမရှိကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုပြီး မိမိတို့၏ကလေးများ၏ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးရန်လိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိမိတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်စဉ် ကတည်းက အမြဲမပြတ် အားပေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တပ်မတော်မှ စိုက်ပျိုးရေး သုတေသနအဖွဲ့များဖြင့် အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး သင်တန်းကျောင်းများ တက်ရောက်၍ စိုက်ပျိုးရေး ပညာများ တတ်ကျွမ်းအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ယခု ဒေသတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် သယံ ဇာတအရင်းအမြစ်နှင့် အခြေအနေများစွာရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေးနှင့် အခြားလိုအပ် သည်များကိုလည်း အစိုးရမှ ကူညီပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဟဲဟိုးလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလေဆိပ်မှတစ်ဆင့် ဒေသထွက်ပစ္စည်းများအား ပြည်တွင်းရှိ အခြား ဒေသများအပြင် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် ဒေသတွင်းလူသား အရင်းအမြစ်များ လိုအပ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ ဒေသ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ ဒေသခံများကသာလျှင် ဦးဆောင်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာပေါများရေးအတွက်လည်း ဆောင်ရွက် လျက်ရှိကြောင်း။
ရည်ရွယ်ချက်နှစ်ခုရှိ
ယခုကဲ့သို့ လာရောက်တွေ့ဆုံဆွေးနွေးပြောကြား ရခြင်းသည် ရည်ရွယ်ချက်နှစ်ခုရှိပြီး ကလောမြို့အား ခရီးသွားမြို့တော်အဖြစ် လုပ်ဆောင်ကြရန်နှင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အဆင့်မီပြီး အရည်အသွေးပြည့်ဝသည့် Quality Product များဖြစ်အောင် ဆောင်ရွက်ကြစေလိုခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် ကလေးငယ်များ၏ အနာဂတ်တွင် တစ်ဦးချင်း၊ ဒေသနှင့် တိုင်းပြည်အတွက် ကောင်းမွန်သည့် လမ်းကြောင်းများပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်