သီပေါမြို့၌ အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုး ၁၂၀ ထုတ်လုပ်နိုင်

 

သီပေါ  အောက်တိုဘာ   ၃


ရှမ်းပြည်နယ်မြောက်ပိုင်း  သီပေါ မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ လူနာ များနှင့် အခြားနာမကျန်း လူနာ များ၏ အောက်ဆီဂျင်လိုအပ်ချက် မဖြစ်ပေါ်စေ‌‌ရေးအတွက် မြို့နယ် ကိုဗစ်-၁၉    ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီ ၏  ဦးဆောင်မှုဖြင့်     မြို့နယ် အောက်ဆီဂျင်စက်   ဖြစ်မြောက်‌ ရေးကော်မတီ၊    မြို့မိမြို့ဖများ၊     စေတနာရှင်များနှင့် ပူးပေါင်းကာ အောက်ဆီဂျင်စက်ရုံကို ဒုဋ္ဌဝတီ မြစ် အရှေ့ဘက်ကမ်း မြို့ဟောင်း ကျေးရွာ၌      ဇူလိုင် ၂၆     ရက်က    စတင်ရှင်းလင်း တည်ဆောက်ပြီး ယနေ့  နံနက်ပိုင်းက    စတင် လည်ပတ်၍     အောက်ဆီဂျင် ထုတ်လုပ်လျက်    လိုအပ်သူများ ကို   စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။ 


ထိုသို့ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုကို မဟာမြတ်မုနိ ဘုရားကြီး  ဆရာတော်  အရှင် ပညာသီရိနှင့် တပည့်အလှူရှင်များ၊ မြို့နယ်အောက်ဆီဂျင်ထုတ်လုပ်‌ရေး     ကော်မတီအတွင်းရေးမှူး  ဦးစိုင်း‌‌ဇော်ဝင်းနှင့်    အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက     ကြည့်ရှု စစ်ဆေးသည်။ 


အဆိုပါ  အောက်ဆီဂျင်စက် သည် တစ်ရက်လျှင် လီတာ ၄၀ဆံ့ အောက်ဆီဂျင်အိုး   အလုံး ၁၂၀ ထုတ်လုပ်နိုင်သည့်စက် ဖြစ်သည်။ ထွက်ရှိသည့် အောက်ဆီဂျင်များ အနက်  သီပေါပြည်သူ့ဆေးရုံနှင့် စေတနာ့ဝန်ထမ်း     လူမှုကူညီ ရေး ပရဟိတအသင်းများသို့လည်း အခမဲ့     လှူဒါန်းပေးမည်ဖြစ် ကြောင်း သိရသည်။  

 

စိုင်း(သီပေါ)