ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၃  


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆေးနှင့်ပစ္စည်းများအား    နယ်စပ်ဂိတ်အသီးသီးမှ   နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။


ထိုသို့ထုတ်ပေးရာတွင်  အောက်တိုဘာ ၃  ရက်က  နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီသုံးခုတို့မှ  Mask ၂၃၈၀၀ Kg ၊ Liquid Oxygen ၁၅၃၆၂ m3  ၊ Vitamin C Tablets ၂၁၃၅ Kg ၊ Fish Liver Oil  Capsule  ၂၄၃၉၀ Kg  တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်