မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် နယ်ခြားကျောက်တိုင် စိုက်ထူထားရှိမှုနှင့် ခြံစည်းရိုးကာရံထားရှိမှုများ ကွင်းဆင်းစစ်ဆေး

 

ချင်းရွှေဟော် စက်တင်ဘာ ၂၆


ရှမ်းပြည်နယ်  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ         ဒေသအတွင်း စိုက်ထူထားရှိသည့်    မြန်မာ-တရုတ်နှစ်နိုင်ငံ      နယ်နိမိတ် ကျောက်တိုင်အမှတ် BP 141၊ BP 142 နှင့် BP 142-1 တို့အား ချင်း ရွှေဟော်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နယ်မြေခံတပ်ရင်း နှင့် နယ်မြေရဲစခန်းမှ တာဝန်ရှိသူ များ၊ အခြားသော  ဌာနဆိုင်ရာများ ပူးပေါင်းကာ ယမန်နေ့က ကွင်း ဆင်းစစ်ဆေးကြောင်း သိရသည်။


အဆိုပါ   ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံဘက်မှ     စိုက်ထူ ကာရံထားသည့် ရှောက်ကန်းထန် ကျေးရွာအနီးရှိ   မြန်မာ-တရုတ် နှစ်နိုင်ငံ    နယ်နိမိတ်မှတ်တိုင် အမှတ် BP- 141၊   ရှီမင်ခန် ကျေးရွာအနီးရှိ    နယ်နိမိတ်မှတ် တိုင် အမှတ် BP-142 နှင့် နယ် နိမိတ် မှတ်တိုင်အမှတ် BP-142-1  များသို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်။


နယ်စပ်        ကျောက်တိုင်များ စစ်ဆေးခဲ့ရာတွင်     BP   142-1 ကျောက်တိုင်မှာ       တောင်ကုန်း မြေပုံ အမှတ်-   ၈၁၁၀၄၁  မှ ၈၀၄၀၃၂ ထိ   အလူမီနီယံတိုင် ၄၂၀၊ အရှည် ၁၂၆၂မီတာခန့်အား ဘလိတ်ဓား    သံဆူးကြိုးခွေရှစ် တန်းဖြင့် နယ်နိမိတ် ကျောက်တိုင် BP -142-1 နှင့် တစ်တန်းတည်း ကာရံထားရှိပြီး တောင်ကုန်းမြေ ပုံအမှတ်- ၈၀၄၀၃၂ မှ ၈၀၂၀၃၁ ထိ      အလူမီနီယံတိုင်  ၆၃ တိုင်၊ အရှည်  မီတာ ၁၉၀ ခန့် အား စိုက် ထူထားကာ   တောင်ကုန်းမြေပုံ အမှတ်-၈၀၂၀၃၁ မှ ၈၀၁၀၃၀ ထိ သုံးပေပတ်လည်   မြေကျင်း  ၄၂ ကျင်း အရှည်  မီတာ   ၁၄၀    ခန့် အား    နယ်နိမိတ်မျဉ်းပေါ်တွင် ဆောင်ရွက်ထားရာ     နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့်   ၁၀   မီတာ အတွင်း  ဝင်ရောက်ဆောင်ရွက် ထားရှိကြောင်း  စစ်ဆေးတွေ့ရှိရ သည်။


ယင်းနယ်နိမိတ် ကျောက် တိုင် BP-142-1 အနီး ခြံစည်းရိုး ကာရံထားမှုကို   စက်တင်ဘာ ၂၁ ရက်က  နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများစစ်ဆေးစဉ်က တရုတ်-မြန်မာ     နှစ်နိုင်ငံနယ် နိမိတ်မျဉ်း   ၁၀   မီတာအတွင်း လွတ်ကင်းသော်လည်း     ယခု အရပ်ဘက်ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ဖြင့်     ထပ်မံစစ်ဆေးစဉ် ယခင်ကာရံထားရှိသည့် ခြံစည်း ရိုးများအား ပြန်လည်ဖြုတ်ယူပြီး နေရာရွှေ့၍  နယ်စပ်ကျောက်တိုင် နှင့်တစ်တန်းတည်း  ကာရံထား ကြောင်း စိစစ်တွေ့ရသဖြင့် ကန့် ကွက်မှုများ       ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။


စည်သူမောင်မောင်
(ပြန်/ဆက်)