
နေပြည်တော် စက်တင်ဘာ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်
စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေး သည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန် တိုင်းဒေသကြီးအတွင်း စားအုန်းဆီပိဿာ ၃၈၇၂၀၀ ၊ တန်ချိန် ၆၃၃ တန်ရောင်းချခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏ အစီအစဉ် ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချ သူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုး အမြတ် (၂ ရာခိုင်နှုန်း)ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူ များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ပြီး စားသုံးသူ ပြည်သူ များသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှတ်(၁၀၄/ ၁၀၈) ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ဆင်မင်း အိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်း- ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉ - ၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ဖုန်း- ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်