ကြံခင်းမြို့ အောက်ဆီဂျင်စက်ရုံအတွက် Booster စက်ရောက်ရှိပြီး စက်စမ်းသပ်လည်ပတ်

 

ကြံခင်း   စက်တင်ဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး       ကြံခင်းမြို့၌  စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းမှု ဖြင့် တည်ဆောက်လျက်ရှိသော   အောက်ဆီဂျင် စက်ရုံအတွက် Booster စက်သည် ယမန်နေ့ ညနေပိုင်းက       ကြံခင်းမြို့      မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံနေရာသို့  ရောက်ရှိလာ၍ စက်ရုံမှ     သတ်မှတ်နေရာတွင်     ထားရှိပြီး တပ်ဆင်မှုများ   ပြုလုပ်ခြင်း၊    စက်စမ်းသပ် လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။


စက်လည်ပတ်မှုကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူ များက  ကြည့်ရှုပြီး    အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က စက်လည်ပတ်မှုနှင့်   ပတ်သက်သည်များကို  ရှင်းလင်းပြောကြားသည်။


အဆိုပါအောက်ဆီဂျင်စက်သည်   ကြံခင်း မြို့နေပြည်သူများ      စုပေါင်းလှူဒါန်းမှုဖြင့် ကိုယ့်အားကိုယ်ကိုး     တည်ဆောက်ခဲ့သော အောက်ဆီဂျင်စက်ရုံဖြစ်ကာ တစ်ရက်လျှင် လီတာ  ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၆၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့်     ကြံခင်း ပြည်သူ့ဆေးရုံအတွက်သာမက မြို့နယ်အတွင်း ရှိ တိုက်နယ်ဆေးရုံများအတွက်ပါ အောက်ဆီ ဂျင်များ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)