ပျူခေတ် အမျိုးသား၊ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်နှစ်မျိုး ရောင်းချပေးမည်

 

နေပြည်တော်  စက်တင်ဘာ  ၂၃


မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို       ပြန်လည် ဖော်ထုတ်သည့်အနေဖြင့်    ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့်     အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို   အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား လေ့လာ မှတ်သားနိုင်စေရန်   ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း မှ ပျူခေတ် အမျိုးသား/ အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ်(၂၀၀ ကျပ်တန်) (၂) မျိုးကို  စက်တင်ဘာ (၂၇)၊ မြန်မာသက္ကရာဇ်  ၁၃၈၃   ခုနှစ်၊     တော်သလင်း လပြည့်ကျော် (၇)  ရက် နံနက် ၉ နာရီခွဲမှ  စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊   ရန်ကုန်စာတိုက် ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွား မည်ဖြစ်သည်။


အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် စက်တင်ဘာ (၂၇) တွင် ဝယ်ယူ သော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်သည်။


ဆက်လက်၍လည်း ပုဂံခေတ်နှင့် အင်းဝခေတ် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုများကို   ထုတ်ဝေရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။                        

သတင်းစဉ်