လမ်းတံတားများဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် တတိယမြို့တော် မန္တလေး

မန္တလေးတိုင်းဒေသကြီးတွင် လမ်းအရေ အတွက်ပေါင်း   ၇၄ လမ်း၊  မိုင်အရှည် ၁၆၀၈ မိုင် ၃ ဖာလုံ ၃၆၄ ပေ၊  ပေ ၁၈၀ အထက်  တံတား ၆၉ စင်း၊  ပေ ၁၈၀ အောက်(Box Culvert အပါအဝင်) တံတား ၅၃၅၈ စင်းရှိကာ ခရီးလမ်းပန်းအဆင်ပြေ စွာဖြင့် စည်ပင်ဖွံ့ဖြိုးနေသည့် မြန်မာနိုင်ငံ ၏  တတိယမြို့တော်ဖြစ်သည်။


အချက်အချာကျရာဒေသ


မန္တလေး    တိုင်းဒေသကြီးသည်    လမ်းပန်းဆက်သွယ်ရေး ဆုံရာဒေသနှင့် စီးပွားရေး အချက် အချာကျရာဒေသလည်း  ဖြစ်သည်။   ထို့ကြောင့်  တိုင်းဒေသကြီး အတွင်း  လမ်းကွန်ရက်၊  တံတားကွန်ရက် ကောင်းမွန်စေရန်အတွက် အဆင့်မြှင့်တင် ထိန်းသိမ်းခြင်း       လုပ်ငန်းများကို   တိုင်းဒေသကြီး လမ်းဦးစီးဌာန တံတား ဦးစီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပေ ၆၀ အထက် တံတားကြီးများ အဆင့်မြှင့်တင်ဆောင်ရွက် မှုအနေဖြင့်  စုစုပေါင်း  တံတား ၁၈ စင်း ဆောင်ရွက်ခဲ့သည်။ 


 


တိုင်းဒေသကြီး        အတွင်းရှိ လမ်းကွန်ရက်များ အဆင့်မြှင့်တင်ခြင်းကို ကြိုးပမ်းဖော်ဆောင်ရာတွင်     ရွာသစ်-ထနောင်းကိုင်း လမ်းပိုင်းသည် တစ်ခုအပါ အဝင်ဖြစ်သည်။ ရွာသစ်-ထနောင်းကိုင်း လမ်းပိုင်းကို    အဆင့်ဆင့်မြှင့်တင်ခဲ့ရာ ယခုအခါ အကျယ်  ၁၈ ပေ ကတ္တရာလမ်း အဖြစ်        ပြည်သူများ   အဆင်ပြေစွာ အသုံးပြုနိုင်အောင်        အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီဖြစ်သည်။ 


ထို့အတူ ချမ်းသာကုန်း-စကားအင်း အဝိုင်း-တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းလမ်းကို အဆင့်မြှင့်တင် ခဲ့သည်။ ထိုသို့ အဆင့်မြှင့်တင်နိုင်ခဲ့သည့် အတွက်    စဉ့််ကိုင်မြို့နယ်  အပိုင်းတွင် အကျယ် ၂၄ ပေ    (အသွား+ အပြန်) ကတ္တရာလမ်း လေးမိုင်၊ တံတားဦးမြို့နယ် အပိုင်းတွင် အကျယ် ၂၄ ပေ (အသွား+ အပြန်)   ကတ္တရာကွန်ကရစ်လမ်း (AC) ၂ မိုင် ပေ ၃၄၀ နှင့် ကတ္တရာလမ်း ၁ မိုင် ၇ ဖာလုံ ၁၀၅ ပေ ဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။


 တာဝန်ယူဆောင်ရွက်


တိုင်းဒေသကြီးအတွင်းရှိ  မြင်းခြံ-မြစ်သား-ရေဝန်းလမ်း (မိုင် ၀/၀-၅၃/၇) ၅၃ မိုင်  ၇ ဖာလုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မိုင် ၀/၀ မှ ၂၀/၇ အထိ (၂၀ မိုင်    ၇ ဖာလုံ)  အကျယ် ၂၄ ပေ ကတ္တရာလမ်း)ကို  Gulf Power Construction Co.,Ltd. မှ   B.O.T စနစ်ဖြင့်      ဆောင်ရွက် လျက်ရှိသည်။ ထို့အတူ မိုင် ၂၀/၇ မှ ၃၉/၅ အထိ (၁၈ မိုင် ၆ ဖာလုံ) အကျယ် ၁၈ ပေ ကတ္တရာလမ်း (၁ မိုင် ၆ ဖာလုံ ၄၅၇ ပေ)နှင့်  အကျယ် ၂၄ ပေ       ကတ္တရာလမ်း ( ၁၆ မိုင် ၇ ဖာလုံ ၂၀၃ ပေ)အား မြင်းခြံ ခရိုင်      လမ်းဦးစီးဌာမှလည်းကောင်း၊ မိုင် ၃၉/၅ မှ ၅၃/၇ အထိ (၁၄ မိုင် ၂ ဖာလုံ) အကျယ် ၁၈ ပေ ကွန်ကရစ်လမ်း (၁ မိုင် ၃ ဖာလုံ ၄၇၆ ပေ)နှင့် အကျယ် ၁၈ ပေ ကတ္တရာလမ်း (၁၂ မိုင် ၆ ဖာလုံ ၁၈၄ ပေ)အား ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှ လည်းကောင်း   တာဝန်ယူဆောင်ရွက် လျက်ရှိသည်။


မန္တလေး-လာရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်း (မိုင် ၀/၀-၄၉/၄ အထိ ၄၉ မိုင် ၄ ဖာလုံ) သည် ပြည်သူများ အသုံးပြုများ သည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး မန္တလေး တိုင်းဒေသကြီးနှင့်    ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ကို ဆက်သွယ်ထားသော လမ်းဖြစ်သည်။     ယခုအခါ  (၄၈ ပေ)  (၇၂ ပေ) ကတ္တရာကွန်ကရစ် (AC) လမ်းမ ကြီးအဖြစ်   အဆင့်မြှင့်တင်နိုင်ခဲ့ပြီဖြစ် သည်။ 


အပြီးဆောင်ရွက်နိုင်ခဲ့


တိုင်းဒေသကြီး          အတွင်းရှိ ကျောက်ဆည်မြို့သည်   ဖွံ့ဖြိုးတိုးတက် လာသော   မြို့ပြနှင့် စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာကာ    မြို့တွင်းမှတစ်ဆင့် ကုန်တင်ယာဉ်ကြီးများ      ဖြတ်သန်း သွားလာမှုများသည့် အခြေအနေတည်ရှိ ခဲ့သည်။ ထို့ကြောင့် ကုန်တင်ယာဉ်ကြီးများ မြို့ရှောင်လမ်းမှတစ်ဆင့်     အဆင်ပြေ စွာ           ကူးသန်းသွားလာနိုင်ရန်အတွက် ကျောက်ဆည် မြို့ရှောင်လမ်းအား အကျယ်  ၇၂ ပေ    ကွန်ကရစ်လမ်းနှင့် ဇော်ဂျီ မြစ်ကူးတံတားအမှတ် (၂)    (၇၂ ပေ ၆ လမ်းသွား)တို့ကို  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် တွင်  အပြီးဆောင်ရွက်နိုင်ခဲ့သည်။


တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ပြည်သူများ ခရီးလမ်းပန်း အဆင်ပြေစွာ သွားလာနိုင်ရန်အတွက်  လမ်းကွန်ရက် ပေါ်ရှိ  တံတားကွန်ရက်များကိုလည်း တစ်ပြေးညီ မြှင့်တင်ခဲ့ရာ ကျောက်ဆည် မြို့နယ် (ကျောက်ဆည်-တံတားဦးလမ်း)ပေါ်တွင် ဒွေးလှတံတားကို တည်ဆောက် ပေးနိုင်ခဲ့သည်။  အဆိုပါ တံတားသည် အပေါ်ထည် သံကူကွန်ကရစ်+သံကူကွန် ကရစ်ကြမ်းခင်း၊   အောက်ထည်  သံကူ ကွန်ကရစ်၊ အုတ်မြစ် 1m Ø Bored Pile တံတားအမျိုးအစားဖြစ်ပြီး     တံတား အရှည် ၅၄ ဒသမ ၈၆ မီတာ (၁၈ ဒသမ ၃ မီတာ x သုံးခန်း)၊   ယာဉ်သွားလမ်း အကျယ် ၇ ဒသမ ၃၅ မီတာနှင့် လူသွား လမ်းအကျယ် သုည ဒသမ ၉ မီတာဖြင့် နှစ်ဖက်ပါရှိသည်။ 


တည်ဆောက်ပေးနိုင်ခဲ့


ထို့အတူ   မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်   မြစ်သားမြို့နယ် (မြစ်သား-ရွာသာ-သပြေတောင်းလမ်း)တွင်          ပေါက်ချောင်းတံတားကို တည်ဆောက်ပေးနိုင်ခဲ့သည်။    တံတား အမျိုးအစားသည်  အပေါ်ထည်   သံကူ ကွန်ကရစ် + သံကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူကွန်ကရစ်၊ အုတ်မြစ် 1m Ø Bored Pile ဖြစ်ကာ တံတားအရှည် ၆၇ မီတာ (၁၅ ဒသမ၂၅ မီတာ x ၂ခန်း + ၁၈ ဒသမ ၃ မီတာ x နှစ်ခန်း)၊ ယာဉ်သွား လမ်းအကျယ် ၇ ဒသမ ၃၅ မီတာနှင့် လူသွားလမ်းအကျယ်  သုည ဒသမ ၉ မီတာဖြင့် နှစ်ဖက်ပါရှိသည်။


တိုင်းဒေသကြီးအတွင်းရှိ  လမ်းပိုင်း များ အဆင့်မြှင့်တင်ရာ၌ B.O.T စနစ် ဖြင့်လည်း ဆောင်ရွက်နေသည်များရှိပြီး စုစုပေါင်း ၆၉၃ မိုင် ၃ ဖာလုံ  ပေ ၃၇၀ ရှိကြောင်း သိရသည်။  B.O.T စနစ်ဖြင့် Oriental Highway Company မှ ၇ မိုင် ၅ဖာလုံ၊ သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၁၀၉ မိုင် ၅ ဖာလုံ ပေ ၃၇၀၊ တောင်ပေါ်ဒေသ  လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၇၈ မိုင် ၁ ဖာလုံ၊ ယုဇနကုမ္ပဏီမှ ၅၃ မိုင် ၂ ဖာလုံ၊  မြတ်နိုးသူကုမ္ပဏီမှ ၁၃၆ မိုင် ၂ ဖာလုံ၊ သန္တိသစ္စာကုမ္ပဏီမှ ၄၁ မိုင် ၃ ဖာလုံ၊  ဆုထူးပန်ကုမ္ပဏီမှ     ၄၀ မိုင် ၄ ဖာလုံ၊   သာယာဦးကုမ္ပဏီမှ  ၅၃  မိုင် ၃ ဖာလုံ၊  ထွန်းညိုလူကုမ္ပဏီမှ  ၅၅  မိုင် ၁ ဖာလုံ၊ Gulf Power Construction Companyမှ ၂၀ မိုင်  ၇ ဖာလုံ၊ ကောင်းမွန် ကုမ္ပဏီမှ ၅ မိုင် ၆ ဖာလုံနှင့် နဒီရွှေဝါ ကုမ္ပဏီမှ ၂၅ မိုင် ၄ ဖာလုံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရသော်   လူဦးရေ ၆၁၀၂၁၀၂ သိန်းကျော်  နေထိုင်ကာ ခရိုင် ခုနစ်ခရိုင်၊ မြို့နယ် ၂၈ မြို့နယ်၊ ရပ်ကွက် ၂၈၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၁၄ အုပ်စု၊ ကျေးရွာပေါင်း ၄၇၉၉ ရွာတို့ဖြင့် ဖွဲ့စည်းထားသည့်      တိုင်းဒေသကြီး အတွင်း   တစ်နေရာနှင့်  တစ်နေရာ ဆက်သွယ်သွားလာရာတွင် ခရီးမလင့်ဘဲ အဆင်ပြေစွာသွားလာနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြ အပ်ပါသည်။

 

ချမ်းမြေ့မောင်