
မြဝတီ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့က မြဝတီမြို့ အောက်ဆီဂျင်စက်ရုံအား ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် မှုများကို ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံသည် တစ်ရက်လျှင် ၄၀ လီတာဆံ့ ဆလင်ဒါအိုး ၈၀ မှ ၁၀၀ ကြား ထုတ်ပေးနိုင်သည့် စက်အမျိုးအစားဖြစ်ပြီး ဆလင်ဒါ အိုးများထားရန် အဆောက်အအုံတစ်လုံး အပါအဝင် ပင်မအဆောက်အအုံတစ်လုံး၊ ၂၅၀ ကေဗွီအေ ထရန် စဖော်မာတစ်လုံးနှင့် အခြားလိုအပ်သည်များ တပ်ဆင်၍ စေတနာရှင်များ ၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်း ၂၃၀၀ ဖြင့် တည်ဆောက် ခဲ့ကာ မြဝတီမြို့နယ်အတွင်းရှိ အောက်ဆီဂျင် အမှန်တကယ် လိုအပ်နေသော ဆေးရုံ၊ ဆေးခန်း များ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ၏ အောက်ဆီ ဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် သောင်ရင်းခန်းမ၌ ကျင်းပသည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီ မြို့နယ်ဦးစီးမှူးရုံးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးအပ်ပွဲသို့ တက်ရောက်ပြီး မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံ များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၈၇၅ ကတ် ကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် အဆိုပါခန်းမ၌ မြဝတီမြို့နယ်အတွင်း ရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးသွားသော ဖလူး၊ မဲ့ထော် သလေး၊ မဲကနယ်ကျေးရွာများမှ မိုးအစေ့ထုတ်ပြောင်း ၈၈ ဧကအတွက် အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရန် အစေ့ထုတ်ပြောင်း ၅ ကီလိုထုပ် ၃၅ ထုပ်၊ ပဲတီ စိမ်းမျိုးစေ့ ၁၂ ကီလို ၅၃ အိတ်၊ သီးနှံတစ်ဧကလျှင် ဓာတ်မြေဩဇာတစ်အိတ်နှုန်းဖြင့် ၈၈ အိတ်၊ ပိုးသတ် ဆေး ၇၁ ထုပ်နှင့် ရေဘေးသင့်ခဲ့သော ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဝေါလေမြိုင်၊ ဆုံဆည်း မြိုင်ကျေးရွာများသို့ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ပံ့ပိုးသည့် တိရစ္ဆာန်အစာအိတ် စုစုပေါင်း အိတ် ၁၀၀ ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန် များအား ပြန်လည်ကြိုဆိုလက်ခံခြင်း၊ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းများအား ကြည့်ရှုစစ်ဆေး ကြပြီး အမှတ်(၂) ချစ်ကြည်ရေးတံတားအနီး သောင်ရင်းမြစ်ကမ်းထိန်းနံရံ တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် စိမ်းလဲ့မြိုင်အဝေးပြေးယာဉ်ရပ်နားစခန်းကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ အောက်ဆီဂျင်စက်ရုံတည်ဆောက် မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီးနောက် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၀ မှ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ဧက ၈၃၅ ဧကအတွက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် တိရစ္ဆာန်အစာအိတ် များ ထောက်ပံ့ပေးအပ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)