ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၉


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို    လေကြောင်း၊ ရေကြောင်းနှင့်    နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ   တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။


ထိုသို့    ဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်    မြဝတီ၊ မူဆယ်၊   ချင်းရွှေဟော်၊  ကန်ပိုက်တီး  နယ်စပ်စခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီး ရေ ၁၂ စီးဖြင့်   အောက်ဆီဂျင်  (အိုးခွံ) ၈၀၀၊ Oxygen Plant လေးခု၊ အိမ်သုံး Oxygen Concentrator ၄၁၂ ခု၊ PPE ဝတ်စုံ ၂၈၀၀ နှင့် နှာခေါင်းစည်း (Mask) ၁၇ တန် တင်သွင်းခဲ့သည်။​ Oxygen Plant လေးခုမှာ မန္တလေးမြို့၊ အမရပူရမြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးမိတ် မြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို    ပြည်ပမှ  တင်သွင်း ရာတွင်    နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်    ညှိနှိုင်းထားသည့်  SOP များနှင့်အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့်  အသိပေးကြေညာ ချက်များကိုလည်း   အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။                            

သတင်းစဉ်