ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများက အာဖဂန်နစ္စတန်နိုင်ငံအရေး ညှိနှိုင်းဆွေးနွေးမည်

ရောမ   စက်တင်ဘာ   ၁၈


ဂျီ-၂၀ နိုင်ငံများ၏   နိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်သီတင်းပတ်တွင်   ပြုလုပ်မည့်  အွန်လိုင်း အစည်းအဝေး၌   အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့် စပ်လျဉ်း၍   ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။


အိမ်ရှင်အဖြစ် ကျင်းပမည်


ဂျပန်နိုင်ငံအစိုးရ သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ  အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲအား လက်ရှိဂျီ-၂၀ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အီတလီ နိုင်ငံက လာမည့်ကြာသပတေးနေ့တွင် အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများသည် အာဖဂန် နစ္စတန်နိုင်ငံတွင်      အာဏာသိမ်းပိုက်ခဲ့သည့် တာလီဘန်များအား   မည်သို့  ကိုင်တွယ်မည်နှင့်      နိုင်ငံတကာအသိုက်အဝန်းနှင့်   ပူးပေါင်းဆောင်ရွက် မည့်ကတိကဝတ်များနှင့်စပ်လျဉ်း၍     ညှိနှိုင်း ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင်   လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရန်နှင့် အမျိုးသမီးအခွင့် အရေးများအား    ကာကွယ်ပေးရန်   အပါအဝင် အာဖဂန်နစ္စတန်နိုင်ငံမှ  ထွက်ခွာရန် ကြိုးပမ်းနေသူ များကို ဘေးကင်းလုံခြုံရာသို့ မည်သို့ရွှေ့ပြောင်းပေးနိုင်မည်ဆိုသည်နှင့် ပတ်သက်၍ ဂျီ-၂၀ နိုင်ငံခြားရေး ဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ 


ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်