
ဗန်ကောက် စက်တင်ဘာ ၁၈
ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၁၂၂ ဦးရှိပြီး အဆိုပါအရေအတွက်သည် လွန်ခဲ့သော ခုနစ်ရက် အတွင်း နေ့စဉ် သေဆုံးမှုအရေအတွက်ထက် အနည်းဆုံးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါစီမံကွပ်ကဲ ရေးစင်တာက ဆိုသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၂၄၆ ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၁၄၆၂၉၀၁ ဦးရှိသည်။
လွန်ခဲ့သော ၂၄နာရီအတွင်း ရောဂါကူးစက်ခံရသူ ၁၄၁၀၉ ဦး စစ်ဆေးတွေ့ရှိသည်။ ရောဂါထပ်မံ ကူးစက်ခံရသူများအနက် ၂၈၄၃ ဦးသည် မြို့တော် ဗန်ကောက်မှဖြစ်သည်။ ဗန်ကောက်မြို့တော်သည် ဧပြီလအစောပိုင်းမှစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒဏ်ကို ဆိုးရွားစွာခံစားနေရသည်။
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ၄၃ ဒသမ ၉ သန်း ထိုးနှံပေးပြီးဖြစ်ပြီး နိုင်ငံ လူဦးရေ၏ ၂၀ ဒသမ ၃ ရာခိုင်နှုန်းသည် ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးကြောင်း သိရသည်။
လူဦးရေ သန်း ၇၀ နီးပါးရှိသည့်အနက် ၇၀ ရာခိုင်နှုန်းအား ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး ထိုးနှံပေးရန် ထိုင်းအစိုးရက စီစဉ်ထားသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်